■ MUFL's 💓 Story ■
ကားထဲတွင်ထိုင်နေရင်းရှိုင်းအောင် မနေ့ည(EDM ည)ကအပြန် မက်သောအိမ်မက်အား စဉ်းစားနေမိ၏။
အိပ်မက်ဆိုသည်မှာ ပြောင်းပြန်ကောက်ရမှန်းသိသည်။ သို့သော် အိပ်မက်ဆိုးဆိုသည်မှာ တခုခု မကောင်းသည့်အငွေ့အသက်တခုပင်မဟုတ်ပါလော။
စိုင်းစွမ်းထက်၏စိတ်အခြေအနေအား သေချာမသိ။ အကယ်၍စိတ်ဓာတ်တွေကျပြီး suicide ဖြစ်သွားနိုင်သည်။ မလုပ်ဘူးလို့ပြောမရ။
ဒီလောက်တားထားသည့်ကြားက စိတ်ပူပြီး အိမ်ပင်မပြန်နိုင်ဘဲ စိုင်းစွမ်းထက် အလုပ်လုပ်ရာနေရာသို့ ရောက်နေလေပြီ။
ကိုယ့်ကို ကိုလည်း အံ့ဩလှပါသည်။
စားပွဲခုံသုတ်နေသော ကောင်လေးတစ်ယောက်သည် စိတ်ပျံ့လွင့်နေသည်ထင်၏။ ထိုစားပွဲအား သုတ်နေသည်မှာ အချိန်မနည်းတော့။
ရှိုင်းအောင် မစောင့်နိုင်တော့ဘဲ ကားပေါ်က ဆင်းကာ ထိုကောင်လေးရှေ့တည့်တည့်သွားရပ်လိုက်သည်။
""ဘယ်ချိန်ထိ စားပွဲကိုသုတ်နေမှာလဲ စားပွဲကဖြင့် ညီလုပ်တာနဲ့ မှန်တောင်ကြည့်လို့ရနေပြီ""
ကျွန်တော့၏ရယ်ကျဲကျဲနောက်သံအဆုံး မော့ကြည့်လာသော မျက်ဝန်းများသည် ကျွန်တော့ကို မြင်သည်နှင့်.....
""အာ....အစ်ကို ဘယ်ကနေဘယ်လိုရောက်လာတာလဲ""
""ဘယ်ကိုမှမဟုတ်ဘူး ညီ့ကိုပြောစရာရှိလို့လာတာ""
""ကျွန်တော့ကို.......""
""အွန်း....လာ အစ်ကိုနဲ့အပြင် ခဏလိုက်ခဲ့""
စားပွဲသုတ်နေတဲ့ လက်ကိုလှမ်းဆွဲပြီး ခေါ်သွားမယ်ကြံတော့...
""အစ်ကို ကျွန်တော် အလုပ်ချိန်ကြီး...""
""အာ...ဟုတ်သား""
ပရမ်းပတာနဲ့အလုပ်လုပ်နေသူအား အပြင်ဆွဲခေါ်နေသော ကိုယ့်ကို ကို ရှက်မိသဖြင့် စိုင်းစွမ်းထက်၏လက်အား လွတ်ပေးလိုက်ရင်း မျက်နှာကြီးပူလောင်လာသလို ခံစားရသည်။
""အစ်ကို ဘာပြောချင်တာလဲ ဧည့်သည်သိပ်မရှိသေးတော့ ခုပြောလိုက်လေ ဘာများမို့လဲ""
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉