■ MUFL's 💓 Story ■
ချစ်ဆိုတဲ့အရာကို သိကြလားဟင်။
ကျနော်ကတော့ အချစ်ဆိုတဲ့အရာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲမသိတော့ဘူး။
ဘာကြောင့် ကိုယ့်လိုယောက်ျားလေး တစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်သွားမိပါလိမ့်နော်။
ကျနော်မုန်းပစ်ချင်လိုက်တာဗျာ....။
ကိုယ့်ကို အကြောင်းအရင်းမပြော ဘာမပြောနဲ့ ထားသွားသော သူကို ပထမအကြိမ်တည်းက စောင့်မနေသင့်တာ။
သူ ကျနော့ကို ဘယ်လိုသတ်မှတ်တယ်မသိပါဘူးဗျာ....။
မသိချင်ဘူး ဆိုရင်လည်း ကျနော် လိမ်ရာကျသွားမလား။
ကျနော်က သူ့အတွက် ဘာလဲ။
ဒီတိုင်း ခဏလာခိုဝင်ပြီး ထွက်သွားလို့ရတဲ့ ရင်ခွင်တစ်ခုလား။
ချစ်သူရည်းစားတွေဆိုတာ ကိုယ့်အကြောင်းသူ့အကြောင်းသိပြီး အပြန်အလှန် နားလည်မှု့ပေးကြသလိုမျိုးလို့ ကျနော်မှတ်ယူထားတယ်။
ဒါပေမယ့်.....
ဂျင်းကြီး ထွက်သွားတဲ့အချိန်တုန်းကလည်း သူများပြောမှသိရ.....။
ပြန်လာချိန်လည်းမသိရ.....။
ယခု ထွက်သွားဖို့ကြံနေတယ်ဆိုတာလည်းမသိရ....။
ဟား.....ဟား.......။
ကျနော် ပင်ပန်းနေပြီ။
ဂျင်းကြီးကို စွန့်လွတ်သင့်နေပြီထင်တယ်။
ကျနော့ဆီကို မနေချင်လို့ ထွက်သွားမယ့် သူတစ်ယောက်ကို ထပ်စောင့်နေမယ်ဆိုရင် ကျနော် လွန်သွားမလား။
ကျနော့စိတ်ထဲကနေ မစောင့်ဘူးလို့ အကြိမ်ကြိမ်ပြောနေပေမယ့် တကယ်တမ်းလက်တွေ့က မလွယ်ဘူးပဲ။
အပြင်ဘက်လေလှိုင်းမှတဆင့် ကော်နီ၏ ဆေး ဟူသည့်သီချင်းသံကြောင့် မျက်ထောင့်မှတစ်ဆင့် မျက်ရည်တစ်စက်သည် ခေါင်းအုံးပေါ်သို့ လျင်မြန်စွာကျဆင်းသွားသည်။
ခွင့်ပြုချက်မရှိဘဲ ကျသွားသည့် ထိုမျက်ရည် စီးကြောင်းအား မုန်းတီးစွာ အကြမ်းပတမ်း သုတ်ပစ်မိသည်။
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉
