■ MUFL's 💓 story ■
မိုးသားတိမ်တိုက်တို့ကင်းစင်နေသော ကောင်းကင်ကြီးအား မော့ကြည့်ရင်း ညနေခင်းနေရောင်ခြည်အား မျက်နှာပေါ်သို့ ကျရောက်စေသည်။
ပိုင်မင်းခန့်အဖို့ မိုးကောင်းကင်ကြီးက ဒီနေ့မှ ပိုလှနေသယောင်။ ပတ်ဝန်းကျင်တွင်ကျောင်း ဆင်းချိန်ဖြစ်၍ဆူညံနေသော်လည်း ဒီနေ့မှ ထိုအသံများသည် နားဝင်ချိုနေသယောင်။
ဆိုင်ကယ်စောင့်ဦးကြီးကတောင် ဒီနေ့ ကြည့်ကောင်းနေသယောင်။ မနေ့ညက အိပ်မရသဖြင့် မနက်မထနိုင်၍ ကျောင်းနောက်ကျခဲ့သည်။ မိုင်ကုန်အဆုံး မနက်ကဆူသော ဌာနမှူး၏ဆဲဆိုသံပင် သာယာနေသယောင်။
ပိုင်မင်းခန့်၏မျက်လုံးတွင် အရာရာအကောင်းမြင်ကာ တက်ကြွနေသည်။
ဆိုင်ကယ်စတန်းသို့ ဆိုင်ကယ်အမြန်သွားထုတ်ကာ အိမ်အမြန်ပြန်ရမည်။
အဘယ့်ကြောင့်ဆိုသော် ယနေ့သည် ပထမဆုံးDateဖြစ်၍ ကြိုတင်ရင်ခုန်ကာ နေသည်။
ထိုအခိုက် လင်းထက်ပိုင်၏ ကိုယ်သင်းနံ့ ကလေး လေညင်းမှ တစ်ဆင့် ပိုင်မင်းခန့်ဆီ မွှေးပျံ့စွာ ရောက်ရှိလာသည်။
ဒီလောက် လူအများကြီးထဲမှ ကိုယ်သင်းနံ့ မှတ်မိတယ် လားဟူ၍ မဖြစ်နိုင်သောမေးခွန်း မေးလာလျှင်...
ဟုတ်..။ပိုသည်ဟု ထင်ချင်ထင်နိုင်ပါကြောင်း။
မှတ်မိကြောင်း..ပြောချင်ပါသည်။
တကယ်ချစ်လာလျှင် အသေးဖွဲ့ကလေးကစ မှတ်မိကြသည်မဟုတ်ပါသလော။
ပိုင်မင်းခန့်ကြည့်နေသည်အား ရိပ်မိ၍ထင်ပါသည်။ တစ်ခါတစ်ရံ ဆိုင်ကယ်ထုတ်နေသော ပေါက်စ၏ အကြည့် အချို့ ပိုင်မင်းခန့်ဆီ ဝဲ ဝဲ လာသည်။
ထိုအကြည့်များအား ရင်ခုန်ရပါသည်။
"ကျွန်တော်တို့တွဲနေတာ ဘယ်သူမှမသိစေချင်ဘူး...
ဟိုလိုပြောတာမဟုတ်ဘူးနော် ဂျင်းကြီး
စိတ်မထင့်လိုက်နဲ့...
ကျွန်တော်တို့ လူတွေရှေ့ပေါ်တင်တွဲဖို့က အချိန်လိုသေးတယ်ထင်လို့.."
ပေါက်စပြောခဲ့သော စကားသံများအား ပြန်လည်ကြားယောင်ရင်း ပေါက်စအား ကြည့်နေမိသော မိမိ အာရုံအားလွှဲမိသည်။
သူများတွေမြင်သွားရင် မကောင်းဘူးမလား။
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉
