part-24

7.2K 437 4
                                    

■ MUFL's 💓 story ■

"ထက်ထက် ငါတို့က ဒီမှာ"

လက်လှမ်းပြနေသော သူငယ်ချင်း များဆီသို့ ဝမ်းသာအားရ ပြေးသွားလိုက်သည်။

"နောက်ကျလိုက်တာဟာ.."

မီမီ၏အမေးအား ပြန်လည်မဖြေအားသေး ရေအေး ပုလင်းအား အရင်ဆုံးမော့သောက် လိုက်သည်။

"အေးဟာ..အကုန်လုံးရောက်နေကြပြီပဲ ငါမနေ့ညက BL ကားကောင်းနေလို့ဟ စွဲသွားလို့ ညမိုးချုပ်ထိ ကြည့်ဖြစ်သွားတာ"

"နင်ကတော့ ဒါပဲ"

ရှိုင်းအောင် စကားကို မဖက်မလုပ်နိုင်သေး
ပိုင်မင်းခန့်ဘက်လှည့်၍

"ငပိုင်..မနေ့ကနင်ဘယ်တွေသွားနေတာလဲ
မောင်လေး လင်းထက်ပိုင်ရောပဲ.. LGBT ပွဲကိုမလိုက်တာ နာတယ် သိလား"

"ဟင်..ဘာလို့လဲ"

စကား စ လိုက်သောအခါ လင်းထက်ပိုင်ဆီမှ ဟီး ဆိုပြီး ပြုံးပြသော်လည်း ပိုင်မင်းခန့်ဘက်မှ ပြန်မေးမှု့ကြောင့် ဝမ်းသာအားရ ဖောက်သည်ချမိသည်။

"မနေ့ကပွဲမှာလေ စိုင်းစွမ်းထက်နဲ့ ရှိုင်းအောင် တွဲကတာ သိလား"

အားရပါးရပြောပြီးမကြာခင် ပိုင်မင်းခန့်နှင့် လင်းထက်ပိုင်မှာ မျက်လုံးပြူး မျက်ဆံ ပြူးဖြစ်သွားသည်။

စိုင်းစွမ်းထက်နှင့် ရှိုင်းအောင်တို့ ၂ယောက်အား တစ်ယောက်တစ်လှည့် လက်ညိုးထိုးကာ လက်တစ်ဖက်ဖြင့် ပါးစပ်အုပ်၍ အံ့ဩသည့်ပုံစံဖြစ်နေသော ပိုင်မင်းခန့်အား...

"Over မလုပ်နဲ့ ငပိုင် တော်ရုံ အံ့ဩ"

ရှိုင်းအောင်က ပိုင်မင်းခန့်၏ ကျောအား ဖြောင်းခနဲ ရိုက်လွတ်လိုက်သည်။

"အယ်...ရှက်ရမ်းရမ်းတာ"

ဇင်ဇင်ကပါ ဝင် နောက်လာသဖြင့် ရှိုင်းအောင်၏ မျက်နှာကြီး နီရဲလာသည်။

စိုင်းစွမ်းထက်ကတော့ မည်မျှပင် ဝင်မပြောဘဲ phonetic စာအုပ်အား ပေါက်ထွက်မတတ် ငုံကြည့်နေသည်၊။

"မောင်လေး စွမ်းထက် က အဲ့နေ့က မိန်းကလေးလို ဝတ်တာ ချစ်စရာလေး uke လေးအတိုင်းပဲ"

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now