■ MUFL's 💓 story ■
"ခင်ဗျား ကိုယ့်အမှားကို ကိုယ်သိတယ်မလား"
ပိုင်မင်းခန့်ရှေ့တွင် ခါးထောက်ကာ မျက်ခုံးကို တွန့်ချိုးထားသော အကောင်လေး ပြောနေသည့် စကားအနှောင့်အသွားအား ပြန်ပြောရန် ဦးနှောက်ကို မြန်မြန်အလုပ်ပေးရသည်။
ဒီနေ့ကျောင်းဆင်းချိန်မှစ၍ ကားပေါ်ဘေးမှလိုက်လာတည်းက ရာသီဥတုမကောင်းမှန်းတော့ ပိုင်မင်းခန့်သိသည်။
ဘယ်သွားမလဲ ဘာစားမလဲ မေးတော့လည်း ပြန်မဖြေသဖြင့် Ocean သို့ ပိုင်မင်းခန့် ဦးတည်လာလိုက်သည်။ ရုပ်ရှင်ကြည့်ရင်း Date မည်ပေါ့...။
သို့သော် ခံစားချက်တို့မကောင်းတည်းက ဤကောင်လေးအား အိမ်ပြန်ပို့သင့်ကြောင်း ယခုမှသဘောပေါက်မိသည်။
"ကိုယ် မှားပါတယ်ကွာ တောင်းပန်ပါတယ်"
ဘာမှန်းမသိပေမယ့် ရမ်းသမ်းဖြီးဖျန်း တောင်းပန်လိုက်သည်။
Ocean အဝင်ဝတွင်ရပ်ပြောနေသဖြင့် လူအများ ကွက်ကြည့် သွားကြ၍ ပေါက်စ လက်ဆွဲကာ လွတ်သောနေရာသို့ သွားလိုက်သည်။
"ခင်ဗျား ဗျာ...
အဲ့လောက်ထိ အတွင်းရေးတွေ မပြောသင့်ဘူးလေဗျာ ဘယ်လောက်ပဲခင်ပါတယ်ပြောပြော ခုလိုပြောလိုက်တော့ ကျွန်တော့အတွက်ရော ခင်ဗျားအတွက်ပါ မကောင်းဘူးလေ ဘာတွေလျှောက်ပြောမှန်းမသိဘူးဗျာ..."
ပေါက်စပြောလာသော စကားအနေအထားအရ ဖူဂျိုရှီးမ တွေ သွား နားတော်ဖောက်ပြီးပြီထင်ရ။
ခြေကိုဆောင့်ကာ နှုတ်ခမ်းလေးဆူပြီး ခေါင်းငုံ၍ ပြောနေသောသူ၏ အသံထဲတွင် ငိုသံယှက်လာသဖြင့် အလျင်အမြန် ခေါင်းအားဖြည်းညင်းစွာ ဆွဲမော့စေသည်။
သို့သော် ဆွဲမော့သော ကျွန်တော့လက်ကို ဖြုတ်ချပြီး သူ့ဘာသာမော့လာသည်။
လင်းထက်ပိုင်၏ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
တောင်းပန်စကားဖွဖွကလေးဆိုမိတော့ မျက်လုံးချင်းစိုက်ကြည့်လာသည်။
"ကျွန်တော် ခင်ဗျားကို ချစ်မိတာ မှားပြီလားမသိပါဘူးဗျာ..."
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉
