part-18

6.4K 482 3
                                    

■ MUFL's 💓 story ■

"ဟီး..ဟီ...ပိုင်ကစကားတတ်တယ်နော်"

ကြားနေရသောအသံများသည် လင်းထက်ပိုင်အဖို့ သိပ်နားဝင်မချိုလှ။

အရင်က မိန်းကလေးတွေရယ်လျှင် ရယ်သံလေးများသည်ချစ်စရာကောင်းသည်ဟု မှတ်ချက်ချဖူးသည်။

သို့သော် ယခုရယ်နေသော ဂျင်းကြီး၏ ဘေးမှာထိုင်နေသည့် ကောင်မလေးအား ကျွန်တော်ကြည့်မရချင်တော့။

အသံမှာငှက်ဆိုးထိုးသံကဲ့သို့ နားအတွင်း ကန့်လန့်ဝင်တိုက်သည်။

ဟိုတစ်နေ့ဗုဒ္ဓဟူးညနေတည်းက ဂျင်းကြီးနှင့် အဲ့အစ်မ တပူးပူးတတွဲတွဲရှိနေသည်မှာ
၅ရက်နှင့်နေ့တစ်ပိုင်းလောက်ရှိပေတော့မည်။

ဒါတောင် စနေ တနင်္ဂနွေတွင် တွေ့ဖြစ်လားမသိ။
ထိုကဲ့သို့ စဉ်းစားမိတော့ လင်းထက်ပိုင်ရင်ထဲတွင်မွန်းကျပ်လာသလိုခံစားရသည်။

သူတို့၂ယောက်အား မမြင်ချင်အဆုံး ကျောင်းဝင်းထဲတွင်နေရာတိုင်းလိုလိုတွေ့ရသည်။(ကျောင်းကျဉ်းတာကိုး ကလေးရဲ့😏)

ယခုလည်း တတိယအချိန် Phonetic အခ်ျိန်မတက်ချင်သဖြင့် ကန်တင်းသို့ ထွက်လာခဲ့သည်။

ကန်တင်းသို့လာသည့်ကိုယ့်ခြေထောက်ကိုပဲ ရိုက်ချိုးပစ်ရမလား။Phonetic ဆရာမအားကြောက်၍မလိုက်ခဲ့သည့် စိုင်းစွမ်းထက် ကိုပဲ အပြစ်တင်ရမလား။

အခြားဝိုင်းတွေရှိရက် လင်းထက်ပိုင် တစ်ယောက်တည်းရှိသည့်ဝိုင်းအား လာထိုင်သည့် ဂျင်းကြီး ကိုပဲ အပြစ်ဖို့ ရတော့မလား မသိတော့ချေ။

အမှန်တိုင်းပြောရလျှင် ဂျင်းကြီးအား စိတ်တိုမိပါသည်။ ကျွန်တော့ကို propose လုပ်ထားသည်မလား။အဘယ့်ကြောင့် အခြားမိန်းကလေးနှင့် ပလူးပလဲနေနိုင်ရသည်လဲ။ရှေ့တွင် အသံကျယ်ကြီးရယ်လိုက် ထမင်းစားလိုက်ဖြင့် ပျော်နေသော ဂျင်းကြီးမျက်နှာအား ပင့်ထိုးချင်စိတ်သည်ကား တဖွားဖွား။

ထို့ကြောင့်စားနေသည့် ထမင်းကြော်ပူပူ သည် မည်သည့်အရသာမှန်းမသိ။ ဝါး၍မြိုချမိသည်လား မဝါးဘဲ မြိုချမိသည် လား လဲမသိတော့ချေ။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now