■ MUFL's 💓 story ■
အစ်ကိုပိုင်မင်းခန့်နှင့်မတွေ့သည်မှာ ၂ရက်ရှိပြီဖြစ်သည်။ တနင်္လာ၊အင်္ဂါတွင်ပင်ပန်းသည်ကိုအကြောင်းပြ၍ကျောင်းမသွားဖြစ်ခဲ့။ ကိုယ့်ကို ကို သုံးသပ်မိပါသည်။ သုံးသပ်ချက်ဟူသောလက်တံသည်လုံးဝကိုချစ်မိသွားပြီဟူသောအရပ်ဘက်သို့ညွှန်ပြနေသည်။
သို့ပေမယ့် လင်းထက်ပိုင်၏စိတ်ထဲတွင် ကိုယ့်ကို ကို ယောက်ျားလေး တစ်ယောက်အားချစ်မိသွားသည်ဆိုသည်ကို မယုံနိုင်သေး။
အစ်ကိုပိုင်မင်းခန့်အိမ်တွင်လူနာသွားမေးစဉ်က ပြောသောစကားများအား ယခုဆက်စပ်ကြည့်မှ မိမိအားပြောသည်ကို သိ၍ တစ်မျိုးတစ်ဖုံ ရှက်သွေးဖြာရပါသည်။
"သားလေး ဘာတွေ ငေးနေတာလဲ ရည်းစားရနေပြီလား တွေးဆွေးနေတာပဲ"
ဒေါ်ခင်မေတစ်ယောက် လင်းထက်ပိုင် ထိုင်၍ဆွေးနေသော ပြတင်းပေါက်ဘက်သို့ လာရပ်ကာမေးလိုက်သည်။ ဒေါ်ခင်မေသတိထားမိနေတာကြာပါပြီ။ ပျော်ပျော်နေတတ်တဲ့ကောင်လေးဟာခုရက်ပိုင်းတစ်ခုခုကိုအကြီးအကျယ်ထိုင်ပြီးစဉ်းစားနေတာမျိုး။
"ကြီးကြီး.."
လင်းထက်ပိုင်ကဒေါ်ခင်မေ၏ရင်ခွင်ထဲသို့တိုးဝင်ကာ...
"ကြီးကြီး ကိုသားမေးစရာရှိတယ်"
"မေးပါရှင်.."
"သားသူငယ်ချင်းတစ်ယောက်ကလေ ယောက်ျားချင်းကြိုက်မိလို့တဲ့ အဲ့ဒါဘာဆက်လုပ်ရမလဲတဲ့ သားကိုမေးလာတာ သားဘာပြန်ပြောရမလဲဟင်"
ကလေးဆန်စွာပြောလာသည့်ကလေးငယ်၏ကျောပြင်အား ဒေါ်ခင်မေ လက်ဖြင့်အသာအယာ ပုတ်လိုက်ပြီး
"သားက ဘယ်သူကြိုက်မိလို့လဲ"
"ကြီးကြီး...!
သားသူငယ်ချင်းကပါဆို.."ဒေါ်ခင်မေ၏မေးခွန်းသံအဆုံးတွင် ရင်ခွင်ထဲမှထွက်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြောလာသောသူအားချစ်စနိုးဖြင့် ပါးလေးဆွဲလိမ်ကာ...
"အမယ်လေး ကြီးကြီးကသားငယ်ငယ်တည်းကထိန်းလာတာပါနော် ချက်ဆိုနားခွက်က မီးတောက်ပြီးသား....
သား ကြီးကြီးကိုပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပါတယ် ကြီးကြီးကလည်း ခေတ်နောက်မကျပါဘူးနော်"
![](https://img.wattpad.com/cover/140819095-288-k338595.jpg)
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉