part-25

6.3K 394 0
                                        


■ MUFL's 💓 story ■ 

ညနေကျောင်းဆင်းချိန်တွင် လူအများ ကိုယ်စီ ကိုယ်စီ အတွေးများ ခြေလှမ်းများ ဖြင့် သွားလာနေကြသည်။

တစ်နေကုန် နုံးစိစိ ကြီးဖြစ်နေသောကြောင့် လည်းကောင်း အိမ်မပြန်ချင်သေးသောကြောင့်လည်းကောင်း wifi လိုင်းကောင်းသည့် ကျောင်းသားရေးရာ ဘက်သို့ ရှိုင်းအောင် ချီတက်လာခဲ့သည်။

ကန်ဘောင်ဘေး ထိုင်ခုံ တန်းလေးတွေ လူရှင်းနေသည်။ ထိုနေရာများသို့ အမှတ်မထင် ကြည့်မိလိုက်သောအခါ ကောင်လေး တစ်ယောက် ထိုင်၍ တစ်နေရာ အား ငေးနေပုံရသည်။

မည်သည့်နေရာသို့ အတိအကျ ငေးနေ၍ ငေးနေမှန်းမသိ။ မျက်ဝန်းများက တည်ငြိမ်နေသည်။

ရှိုင်းအောင် ၏ ခြေလှမ်းများသည်လည်း နဂိုဦးတည်ထားသည့်နေရာနှင့်ဆန့ကျင်စွာ ထိုနေရာဆီသို့....။

"ညီ...စိုင်းစွမ်းထက်"

ပုခုံးအား တို့ကာ နာမည်ခေါ်မိတော့ မျက်ဝန်းများ ကျွန်တော့်ဆီ ရောက်လာသည်။

ထိုမျက်ဝန်းတို့အား ရှိုင်းအောင် ကြည့်မိစဉ်....
မျက်ရည်ဥလေးများရစ်သီနေသော မျက်လုံးအိမ်တစ်ခုကိုတွေ့လိုက်ရသည်။

"အာ...အစ်ကို"

မျက်ရည်များအား လျင်မြန်စွာ သုတ်လိုက်ကာ ဘေးသို့အနည်းငယ် ရွေ့ပေးသည်။ နေရာပေးသည့်သဘော ထင်ပါရဲ့။

ထို့ကြောင့် ရှိုင်းအောင်လည်း ဘေးနား ဝင်ထိုင်ကာ မည်သို့စကား စ ရမလဲ စဉ်းစားနေမိ၏။

ပတ်ဝန်းကျင်ရှိလူများသည် လှုပ်ရှားသွားလာကြစမြဲ သွားနေကြသည်။

"မနက်က..."

"မနက်က..."

တိတ်ဆိတ်နေတုန်းက တိတ်ဆိတ်နေပြီး အချိန်အတော်ကြာမှ  အသံပြိုင်တူထွက်လာသောကြောင့် အပြန်အလှန်ကြည့်ပြီးရယ်မိကြသည်။

"အစ်ကို အရင်ပြောပါ.."

"ညီအရင်ပြောပါဗျာ.."

မေးငေါ့ပြီး ပြောင်စပ်စပ် လုပ်ပြလိုက်တော့ ခပ်ပါးပါးလေးပြုံးလာသည်။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now