part-10

7.5K 536 2
                                    

■ MUFL's 💓 story ■

ကျောင်းခန်းထဲသို့မည်သို့ဘယ်ပုံနည်းဖြင့် ရောက်လာမှန်း စိုင်းစွမ်းထက် စဉ်းစားမရ။
သူစဉ်းစားနေတာတစ်ခုတည်းပင်...

ပိုင်မင်းခန့်ဆိုတဲ့အစ်ကိုက လင်းထက်ပိုင်ကို များကြိုက်နေတာလား?

ထိုမေးခွန်းကို မနေ့က ပွဲပြီးကတည်းက ဒီနေ့ကျောင်းလာသည်အထိ စဉ်းစားနေဆဲ ဖြစ်သည်။

မဖြစ်နိုင်ပါဘူး ယောက်ျားလေးတိုင်းကို ငါ့လိုထင်မနေနဲ့ စိုင်းစွမ်းထက်ရေ...

ဟူ၍ကိုယ့်ဘာသာပြောနေပေမယ့်လည်း

တကယ်ဆို အစ်ကို က ငါလိုက်မယ်ပြော တာခေါ်သွားသင့်တာပေါ့။ အစ်ကိုရှိုင်းအောင် ကလည်းသူ့ဘာသာလိုက်သွားရင်ဖြစ်တာ ကို ဘာကြောင့် အစ်ကို ပိုင်မင်းခန့် ကိုပဲလိုက်သွားခိုင်းရတာလဲ...

မးခွန်းပေါင်းများစွာဖြင့် တစ်ယောက်တည်း အကောင်းမြင်ပေးလိုက် အဆိုးမြင်လိုက် ဖြင့် ခေါင်းခြောက်နေသည်။

'မဟုတ်လောက်ပါဘူး'ဟူ၍ငြင်းနေသော် လည်း စိတ်ထဲတွင် တစ်ခုခုဖြစ်မည်ကိုကြို သိနေသယောင်....

ဟူး...

သက်ပြင်းကြီးရော သက်ပြင်းငယ်ရော ချပေါင်းများနေပြီဖြစ်သည်။ သက်ပြင်း ချလို့အသက်တစ်ရက်တိုကြေးဆိုလျှင် ကျွန်တော် သေဖို့နီးနေလောက်မည်။

မနေ့ညကသွားမေးမည်ဟုကြံခါမှ
ကိုယ့်မှာ အစ်ကိုပိုင်မင်းခန့်၏ ဖုန်းနံပါတ် မရှိမှန်းသိလိုက်သောအခါ...
Fb တွင်အပ်သော်လည်း အပ်မရပါ။
Celeဆိုတော့လည်းဖြစ်နိုင်ပါသည်။

လင်းထက် ဆီသွားမေးလျှင် သူ့စိတ်အခြေအနေအားမသိ၍သွားမမေးဖြစ်ပါ။

အရင်နေ့ကလိုတွေ့မလားဟူသောမျှော်လင့် ချက်ဖြင့် ကျောင်းသို့စောလာ၍ကန်တင်းနား တွင်လည်းကောင်း၊ဒုတိယနှစ်အခန်းရှေ့တွင်လည်းကောင်း ယောင်လည်လည်ဖြင့် တဝဲဝဲ လုပ်သော်လည်း တစ်ဖွဲ့လုံး၏ အရိပ်အယောင်ပင်မတွေ့ရ။

လေပြင်းပြင်းမှုတ်ထုတ်ကာ မျက်လုံးက အခန်းပေါက်ရောက်သွားသည်။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now