■ MUFL's 💓 story ■
"ဟိုကောင်လေးခုထိမရောက်သေးဘူးပေါ့?"
ဖူဂျိုရှီး ၄ယောက် ထိုင်နေသော ဝိုင်းသို့ ဝင်ထိုင်ရင်း ပိုင်မင်းခန့်တစ်ယောက် စကား စလိုက်လေသည်။
"အော် နင် ရောက်လာပြီ အေးလေ သူက ဘယ်ရောက်သေးမလဲ ငါတို့ချိန်းထားတာ ၁၀နာရီလေ ခုမှ ၉ခွဲတောင်မရှိသေးဘူး"
ဆိုပြီးကင်ထားသောအကင်အားပါးစပ်ထဲသွပ်ရင်း မီမီ တစ်ယောက်ပြောလာလေသည်။
"ဘာ!!အဲ့ဒါကိုဘာလို့ပြောပြောမစောတုန်း လဒမရဲ့ ဒီလိုမှန်းသိရင် အေးဆေး ရေချိုးပြီးမှလာပါတယ်"
"ငါတို့က နင့်ကိုစောစောခေါ်တာ သေချာသင်ပေးမလို့ နို့မို့ဆိုရင် ခွေးအ ကြီး လှည်းနင်းသလိုဖြစ်မှာ စိုးလို့ "
"ငါ ပိုင်မင်းခန့်ပါ ရည်းစားတွေ အများကြီး ခေါင်းခေါက် ထားလာခဲ့တဲ့ သူပါဟ"
"အံမာ ခုနင်ကြိုက်နေတဲ့သူက နင်တွဲခဲ့တဲ့ သူတွေလို မိန်းကလေး မဟုတ်ဘူးလေ "
ဇင်ဇင်၏ပြောစကားကြောင့် ကျွန်တော် ခေတ္တခဏ ငြိမ်မိသွားသည်။
"အေးဟာ..ငါ တစ်ခါတစ်လေ ကျ သူကယောက်ျားလေးဆိုတဲ့ ဖြစ်တည်မှု့ကို မေ့ မေ့သွားတာ "
"အဲ့ဒါပဲ အချစ် ဆိုတာ !"
ဆိုပြီး ထိုစဉ်မ တစ်ယောက် လက်ခုပ်တီး ပြီးပြောလာသည်။ ပြီးတော့
"MUFLရဲ့ Food fair အတွက်ပြင်ဆင်ဖို့စီနီယာတွေက မနေ့က အတန်းထဲလာပြောတယ် အဲ့ဒါ နင်မရှိတော့ ငါတို့ကိုပြောသွားတာငါတို့နင့်ကိုထည့်ထား တယ်အဲ့ပွဲထဲ" ဟူ၍ဆက်ပြောလာသည်။
"ငါအဲ့လိုပွဲမပါချင်ပါဘူးဆိုဟာ တရုတ်ရိုးရာ ဝတ်စုံကြီး ဝတ်ပြီး ဓာတ်ပုံ အရိုက်ခံနေရတာ စိတ်ကျဉ်းကျပ်တယ် "
"အမယ်လေး နင့်ရဲ့ ဟာ လေးက ပါတယ် အဲ့ဒါမို့ ငါတို့ကနင့်အတွက်ပြောလိုက်တာ"
ဆိုကာ နှင်းနှင်းတစ်ယောက်ပိုင်မင်းခန့်ဘက် တူ ကြီး ထိုးကာ ထိုးကာပြောလာသည်။
"ဟုတ်လား!"
"အေး ခုလည်း အဲ့ကိစ္စအတွက် ဆွေးနွေးဖို့ နင့်ဟာကလေးက လာမှာ နင်လာမယ်မှန်းသိမှာ မဟုတ်ဘူး"
![](https://img.wattpad.com/cover/140819095-288-k338595.jpg)
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉