MUFL's 💓 Story ■
အိမ်ရှေ့ရောက်နေပြီ
ဂျင်းကြီးဆီမှmessageရသည်နှင့်တပြိုင်နက် အဝတ်ထုပ်ကလေးအားဆွဲကာအိမ်ရှေ့ထွက်လာလိုက်သည်။
သို့ပေမယ့် မှန်ရှေ့ပြန်သွားပြီး အင်္ကျီပြန်ပြင်ကာ ဆံပင်အားခပ်ဖွဖွ ဖွမိသည်။
""ဘေဘီက ဆံပင်လှန်တင်ထားတာနဲ့ သိပ်မလိုက်သလိုပဲ....ဘေဘီနဖူးမှာ ဆံပင်ဝဲကျနေတာလေးက ပိုချစ်ဖို့ကောင်းသလိုပဲ""
ထိုစကားအားဂျင်းကြီးမှတ်မိချင်မှမှတ်မိပေမည်။ သို့သော် ထိုစကားကြားပြီးချိန်မှစ ကျနော်လင်းထက်ပိုင်၏ ရှေ့ဆံပင်တို့သည် နဖူးပေါ်တွင်အမြဲဝဲလျက်ရှိသည်။
ရေမွှေးလေးဆွတ်ကာ မှန်အားမခွဲနိုင်မခွာနိုင် မှန်ရှေ့ ရှိုးထုတ်နေမိသည်။
ထို့နောက် ကြီးကြီးအားနှုတ်ဆက်ပြီး အိမ်ရှေ့အမြန်ထွက်ခဲ့လိုက်သည်။
အိမ်ရှေ့အရောက် လှပသောပန်းချီကားတစ်ချပ်ကစောင့်ကြိုနေလေ၏။
ကားတံခါးအားအမှီပြုရပ်ကာ ဖုန်းကြည့်နေသောဂျင်းကြီးစတိုင်က
လုံးဝ ဟမ်းဆမ်းတိုက်။မြင်သမျှကောင်မလေးတိုင်းကြွေနိုင်သည့်လူက ကျနော့ချစ်သူဖြစ်နေသောခံစားချက်က ဘယ်လိုပြောရမလဲ....ဂုဏ်ယူတာပေါ့နော့
ရုတ်တရက် ကောင်မလေးတစ်ယောက်က ဂျင်းကြီးနားလာ၍စကားလာပြောသဖြင့် ပူထူကာ ဘယ်ကနေဘယ်လို ဂျင်းကြီးနားရောက်သွားသည်မသိ။
""ကျေးဇူးပဲနော်""
""ဟုတ် ရပါတယ်ဗျ""
ကျနော်ရောက်တော့ ထိုကောင်မလေးက ကျနော့အားပြုံးပြလာပြီးအနားမှထွက်သွားသည်။
ပြန်မပြုံးလိုက်မိ။
အစစ်မတွေဟာလေ သိပ်ရဲတာပဲ။
မျက်နှာစူပုပ်ကာ ဂျင်းကြီးကြည့်လိုက်မိတော့ ကျနော်စိတ်ဆိုးသည်အားမသိဘဲ ကျနော့အား ဘာတွေလုပ်နေလို့ကြာနေတာလဲဆိုပြီး ဆူနေသေးသည်။
![](https://img.wattpad.com/cover/140819095-288-k338595.jpg)
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉