■ MUFL's 💓 story ■
ရှေ့မှတရွေ့ရွေ့သွားနေသောသူ၏ နောက်ကျောအားကြည့်ရင်း လှမ်းခေါ်သင့်မခေါ်သင့်လင်းထက်ပိုင်စဉ်းစားနေမိသည်။
ကိုယ်ကစိတ်ကောက်နေတဲ့သူမလား။
ဆိုင်ကယ်စတန်းမှာတည်းက လင်းထက်ပိုင် ဘက်ကတွေ့သော်လည်း ဂျင်းကြီးဘက်က မမြင်။
မလှမ်းမကမ်းတွင် ကပ်လိုက်ရင်း တိတ်ဆိတ်နေမိ၏။
နောက်မှ ကျယ်ပြန့်လှသော ကျောပြင်ကို ကြည့်နေရင်း ပြေးဖက်မိချင်စိတ်က တဖွားဖွားပေါ်ပေါက်လာသည်။
ကိုယ်ကယောက်ျားလေး ဖြစ်လျက် ဘာကြောင့် ဒီလိုမျိုး အတွေးဝင်မိလဲ ဆိုပြီး ကိုယ့်ဘာသာ ပြန်သုံးသပ်နေစဉ်...
🎶📲
ကျောပိုးအိတ်ထဲမှ ရုတ်တရက်ထမြည်သော ဖုန်းသံကြောင့် တွေးလတ်စအတွေး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
အမြန်ကျောပိုးအိတ် ဇစ်ဖွင့်၍ ဖုန်းကိုဆွဲထုတ်လိုက်ပြီး ပေါ်နေသော Contact ကြောင့် ရှေ့မလှမ်းမကမ်းရှိ လူတစ်ယောက်ကို အမြန်မော့ကြည့်မိသည်။
ဖုန်းကိုနား နားကပ်ပြီး လှည့်လာသော ကောင်လေးတစ်ယောက်အား ဖုန်းကိုင်ထားသော ကောင်လေးတစ်ယောက်က ကြောင်ကြည့်နေသောမြင်ကွင်း။
"ပေါက်စ.."
ဖုန်းကိုနားမှခွာကာ ကျွန်တော့နာမည်ကို ခေါ်၍ အနားသို့အပြေးလေးလာ၏။
"လှမ်းခေါ်လိုက်တာမဟုတ်ဘူး နောက်မှာရှိနေတာကို ဒီနေ့မနက်ကလည်း ဖုန်းခေါ်တာမကိုင်ဘူး"
ဂျင်းကြီးဘက်မှစကားများ တလဟော ထွက်လာသည်အထိ လက်ထဲမှ အသံရပ်သွားသော ဖုန်းလေးကို ကိုင်ရင်း ဒီတိုင်းရပ်နေမိသည်။
ပြီးမှ ဖုန်းကို လွယ်အိတ်ထဲ ကောက်ထည့်ပြီး ဘာမှမပြောဘဲ ဂျင်းကြီး ဘေးမှထွက်လာခဲ့သည်။
"ပေါက်စ.."
နာမည်ကို အထိတ်အလန့်ခေါ်ရင်း ထွက်ခွာသွားသော ကျွန်တော့လက်အား အမြန်လှမ်းဆွဲလာသည်။
"လွှတ်.."
ဖြတ်သွားဖြတ်လာကျောင်းသူကျောင်းသားများနှင့်ဆရာ ဆရာမများ အထင်လွဲကြမည် စိုး၍ အသံကိုတိုးနိုင်သမျှ တိုးတိုးခေါ်ပြီး လက်ကို အားအနည်းငယ်ထည့်ကာရုန်းလိုက် သည်။

YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romansaယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉