part-13

6.5K 497 5
                                    

■ MUFL's 💓 story ■

Ph ဆက်တိုင်းစက်ပိတ်ထားသောကြောင့် လူကြီးမင်း.. ဆိုတဲ့အစ်မ မဟုတ်ဘူး အဲ့ကြီးတော်နဲ့တောင် စိုင်းစွမ်းထက် ညားနိုင်မည့်အခြေအနေ။

အခြေအနေကိုစိတ်ပူ၍သိချင်ပါသည်ဆိုမှ။
ကိုပိုင်မင်းခန့်၏အိမ်အား လိုက်သွားချင်သော် လည်း ငယ်ငယ်မှပေါင်းလာသော သူငယ်ချင်းမွေးနေ့ကရှိနေသဖြင့် အားနာ၍ မလိုက်နိုင်ခဲ့။

တော်တော်နေမကောင်းတာလားအစ်ကိုရာ..

ိွအဲ့စိတ်ဖြင့်ကျောင်းလာတော့တောင်ကျောင်းဝတ်စုံမဝတ်ခဲ့။ တနင်္လာနေ့ကျောင်းဝတ်စုံ ဝတ်ရမည်ဖြစ်သဖြင့် ပထမဆုံးချိန်ဝင်သည့် မြန်မာစာဆရာမဒေါ်သိမ့်သိမ့်သူ တောင်ဆူနေသေးသည်။Roundလှည့်သည့်ချိန်တွင်ဆူမသွား၍ကံကောင်းသည်ဟုယူမှတ်ရမည်။

မနက်ပိုင်းမတွေ့သဖြင့်နေ့လည်ထမင်းစားချိန် တွေ့မလားဟူ၍ကျောင်းရှေ့ထွက်ဝယ်ဖြစ် သော်လည်း အရိပ်ယောင်မဆိုထား အနံ့သက်တောင်မရခဲ့။

(Chinese 1st yrက ကန်တင်း ဘက်မှာရှိတာဖြစ်ပြီး 2nd yr က ကျောင်းထွက်တဲ့ပေါက်မှာရှိတာပါ 1st 3rd 4th yr တွေကဘေးချင်းကပ်ရပ် အခန်းတွေပါ 2nd yr တစ်ခုထဲ အဝေး ကြီးခွဲထွက်နေတာပါ ဘာကြောင့်လဲဆိုတဲ့ အကြောင်းစုံသိချင်ရင် Chinese ဌာနမှူး ကိုလာမေးပါ😝)

ကျောင်းဆင်းချိန် ဆိုင်ကယ်ထားသည့်နေရာ တွင် ကံကောင်းထောက်မစွာဖြင့် ခပ်လှမ်းလှမ်းမှ တွေ့လိုက်၍ ဘေးရှိ လင်းထက်ပိုင်အား လက်တို့ရင်း

"ဟေ့ကောင် ကိုပိုင်မင်းခန့်မလား
လာ သွားနှုတ်ဆက်ရအောင်"

လင်းထက်ပိုင်ကလဲခေါင်းငြိမ့်သဖြင့် ကိုပိုင်မင်းခန့်နားသို့ အလင်းအမြန်နှုန်းဖြင့်ရောက်သွားသည်ထင်ရသည်။

"အစ်ကိုပိုင်မင်းခန့် ."

ဆိုင်ကယ်ထုတ်ရင်းတန်းလန်းဖြင့် လှည့်ကြည့်လာရာတွင် စိတ်ထင်နေ၍လား မသိ မျက်ကွင်းညို၍အသားအရည်ဖျော့နေ သယောင်ထင်ရသည်။

"ကိုပိုင်မင်းခန့် နေမကောင်းသေးဘူးလား
ဟိုနေ့ကလိုက်လာမလို့ကို ကိစ္စလေး တစ်ခု နဲ့တိုက်နေလို့ ဟီး"

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now