part-22(Rate)

8.7K 446 6
                                    

■ MUFL's 💓 story ■

မနက်ဝေရီဝေလင်းအချိန်...
အလင်းရောင် အနည်းငယ်သာရှိ၍ လူခြေတိတ်သောအချိန်၌ salon car လေးသည် တငြိမ့်ငြိမ့်ဖြင့် ခရီးဆက်နေ၏။

ဆောင်းရာသီ၏သဘာဝအတိုင်း နေ့တာတို၍ ညတာရှည်သောကြောင့် မနက်၆နာရီခွဲ အချိန်တိုင်အောင် မှောင်နေသေးသည်။

♡☆☆☆☆☆☆☆☆☆☆☆☆☆☆☆♡

"ပေါက်စ...အိပ်ချင်ရင် အိပ်လိုက်လေ
ကိုယ်ရောက်ရင်နှိုးမယ်"

မနေ့ညနေက ပေါက်စတို့အိမ် ညနေစာ သွားစား၍ ကြီးကြီးထံမှ ခွင့်ပြုချက်ဖြင့် တနင်္ဂနွေနေ့မနက်စောစော ပိုင်မင်းခန့်တို့ မေမြို့သို့ ခရီးတို ထွက်ခဲ့ကြသည်။

တနင်္လာနေ့သည် Valentine Day ဖြစ်ပါသောကြောင့် လူရှုပ်မည် စိုးသဖြင့် ယနေ့ထွက်ခဲ့ကြခြင်းဖြစ်သည်။

"ရတယ် မအိပ်ချင်ဘူး ဟိုကြည့် ဒီကြည့် ကြည့်မယ်လေ"

မှန်တံခါးချကာ မနက်ခင်းလေညင်း ကလေးများအား အားရပါးရ ခံယူနေသည်။

လေညင်းများက ပေါက်စ၏ မျက်နှာသို့ နေရာလပ်မကျန် အပြည့် နေရာယူက တိုက်ခတ်နေကြသည်။

"ဘာလို့ မှန်ပြန်ပိတ်တာလဲ"

ကျွန်တော့ဘက်ကနေ မှန်ခလုတ် ကို မြင့်တင်လိုက်သောအခါ မကျေမနပ်သံလေး ထွက်ပေါ်လာသည်။

"အေးတယ်..ဖျားလိမ့်မယ်"

ပေါက်စအား မကြည့်ဘဲ ရှေ့တည့်တည့်ကြည့်ကာ ပြောမိတော့ ဟွန်း ခနဲ လိုချင်တာမရရင်စိတ်ကောက်တတ်သည့် ကလေးငယ်ကဲ့သို့ မျက်နှာ တစ်ဖက်လှည့်၍ စိတ်ဆိုးကြောင်း အမူအရာဖြင့် လုပ်ပြလာသည်။

အမှန်တကယ်က ကျွန်တော် မထိရက် မကိုင်ရက်ထားသော သူ၏ ပါးပြင် မျက်လုံး မျက်ခုံး နှာတံ တစ်လျောက် မျက်နှာပြင်အကုန် လေညင်းများက နေရာယူထားသောကြောင့် သဝန်တိုကာ မှန်ပိတ်လိုက်ခြင်းဖြစ်သည်။

ချစ်သူ၏မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းမဆို ချစ်သည်။ ငုံထားလို့ရပါက ငုံထားချင်သည်။ ထို့ကြောင့် သက်မဲ့လေ ပင် သဝန်တိုမိ၏။

အအေးပတ်မှာစိုး၍လည်းပါ ပါသည်။

"ဒါနဲ့ အင်္ကျီအပိုထည့်ခဲ့လား ဘေဘီ"

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now