■ MUFL's 💓 story ■
Mobile Legends ဆော့နေရင် လုံးဝ ဘေးကို အာရုံစိုက်လို့မရတာ ပိုင်မင်းခန့် အကျင့်။
သို့သော် Game ထဲကို ဈာန်မဝင်။
လူကနူးချိချိဖြစ်ကာ ဘာမှမလုပ်ချင်အောင် တစ်စုံတစ်ခုကတားမြစ်ထားသယောင်!
ကျောင်းမတက်သည်မှာ ၃ရက်ရှိလေပြီ။
Phအားစက်ပိတ်၍ ပစ်ထားသည်မှာ ရှိုင်းအောင်နှင့်စကားပြောပြီးသည့်အချိန်မှ စ၍...
Laptop ရှေ့ထိုင်ကာ ရှိသမျှ game ထိုင်ဆော့နေသည်။ ဆော့တိုင်းရှုံးသော ကြောင့် ကွကိုယ်တောင် ဂုဏ်ယူမိသည်။😑
ပေါက်စနှင့်ဝေးဝေးနေလျှင် မေ့သွားမည်ထင်ခဲ့သည်မှာမဟာအမှားတစ်ခု။
မတွေ့ရ၍တွေ့ချင်သည်။
လွမ်းသည်။ အလွမ်းမီးဟာပူလောင်လေစွ။
ပေါက်စရယ်..
မင်းကိုချစ်နေရတာမိုက်မဲခြင်းတစ်ရပ်ဆိုတာ အစ်ကိုကောင်းကောင်းကြီးသဘောပေါက် တယ်။အကျိုးရလာဒ်အနေနဲ့ လုံးဝ ဥသုံ နာကျင်မှု့ဆိုတာ နားလည်တယ်။ ဒါပေမယ့် နှလုံးသားကပြောနေတယ်ကွာ....သူတော် တော်နာကျင်နေတယ်တဲ့။
မိန်းကလေးအပေါ်ချေခဲ့သမျှ ရကရက်စက်စက်ဖြတ်ခဲ့တာတွေကို ဘုရားကခုလိုမျိုး အပြစ်ဒဏ်အနေနဲ့ ပေးခဲ့လား ဆိုတဲ့အတွေးဝင်မိတယ်။
"ဟာကွာ.."
ပိုင်မင်းခန့်တစ်ယောက်စိတ်ညစ်ညစ်ဖြင့် ဆံပင်တွေအားဖွပစ်လိုက်သည်။
"သားရေ.."
အခန်းအပြင်ဘက်ကမေမေရဲ့ခေါ်သံကြား၍
"ဗျာ... ဗျ "
မထူးချင်ထူးချင်ဖြင့်နှုတ်ခမ်းကြီးထော်ကာ အသံဆွဲငင်ကာထူးလိုက်သည်။
"ဒီမှာ သားသူငယ်ချင်းတွေရောက်နေတယ် တံခါးလေးဖွင့်လိုက်ဦး"
ဟာ ဟိုဟာတွေဘာလာလုပ်တာလဲ။
စိတ်ပျက်ပါတယ်။
ပိုင်မင်းခန့် တံခါးဆီသို့ ပျင်းပျင်းရိရိ ဖြင့် ခြေမကြွဘဲတရွတ်တိုက်ဆွဲသွားကာ တံခါးဖွင့်လိုက်သည်။
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romantikယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉
