■ MUFL's 💓 story ■
ဘယ်ပညာရှင်ကမှမိန့်ဆို သတ်မှတ်ထားခြင်းမရှိတဲ့ အချစ်ကို လူတိုင်း တစ်ကြိမ်တစ်ခါပဲဖြစ်စေ ရူးသွပ်ဖူးကြတယ်။
ကျွန်တော် ဝန်ခံပါတယ်..။
ဂျင်းကြီးအပေါ်ထားခဲ့တဲ့စိတ်က အဖြူရောင် အချစ်ဆိုတဲ့ ရစ်ဖွဲ့နှောင်မှု့နဲ့ စတင်ခဲ့တာမဟုတ်ဘဲ အရောင်ခြယ်ထားတဲ့ အချစ်နဲ့ စတင်ခဲ့တာပဲ။အချိန်တိုင်း ယောက်ျားလေးချင်းဆိုတဲ့ အသိက အမြဲတမ်းလိုလို ကျွန်တော့ လုပ်ဆောင်ချက်တွေကို ဟန့်တားနေခဲ့တယ်။
ဒီနေ့ ကျွန်တော် သိခဲ့တာ..တစ်ခုက..
ကိုကို က ကျွန်တော့ကို ယောက်ျားလေးချင်းဆိုတဲ့အသိ တစ်စိုးတစိ လေမျှ မပါဝင်ဘဲ ချစ်နေတယ် ဆိုတာပဲ။
အချစ်ကို ရိုးရိုးလေး တွေးကြည့်ကြပါ။
တကယ်တော့ အချစ်ဆိုတာ ရိုးရိုးလေးရယ်။
ချစ်ခြင်းရဲ့နောက်ကွယ်မှာ မြတ်နိုးခြင်း ယုယခြင်း တွယ်တာခြင်းတွေ ကပ်ပါနေတတ်တယ်။
ထိုအရာတွေကို အချစ်ကြီးလွန်းတဲ့သူက မမြင်သလို တန်ဖိုးမထားတဲ့သူကလည်း မမြင်ကြပါဘူး။
တကယ်ဆို...
ကိုကို့ကို ကျွန်တော်က အချစ်ကြီးလွန်းသွားခဲ့တာလား...။ဒါမှမဟုတ်ရင်...
တန်ဖိုးမထားခဲ့မိတာလား...။လင်းထက်ပိုင်(林太白)
♡♡♡♡♡
■ MUFL's 💓 story ■
ကားပြတင်းပေါက်မှတစ်ဆင့် ကြားနေရသော ဆိုင်ကယ်သံ ကားသံ စကားပြောသံတွေဟာ လေထုထဲမှ နားစည်သို့ ဝင်ရောက်လာသော်ငြားလည်း တွေးနေသော အတွေးတစ်ခုက ထိုအရာအားလုံးကို တွန်းထုတ်ပစ်နိုင်စွမ်းရှိသည်။
စိတ်နှင့်လူနှင့်မကပ်တော့သည်မှာ ပေါက်စနဲ့ စကားများပြီးချိန်မှစခဲ့သည်။
အဲ့နေ့က Myanmar Tuto ရယ် တရုတ်ဆရာမဖြေရမယ့်ဘာသာရော ဆိုတော့ ပိုင်မင်းခန့် ဗျာများသွားခဲ့သည်။
ည ဖုန်းချလိုက်တုန်းက ပေါက်စ အသံ မကြည်သည်ကို သတိထားမိသော်လည်း မဟုတ်နိုင်ဘူးထင်မှတ်ကာ ဖုန်းချပြီး စာကြည့်နေခဲ့သည်။ မေမေ့ကိုလိုက်ပို့ပြီး ပြန်ရောက်တာလည်း နောက်ကျသကိုး။
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉