■ MUFL's 💓 story ■
တစ်ခုသော ညနေခင်းတစ်ခုတွင် Seoul Kitchen ဆိုင်၌ တခြားနေ့များနှင့် မတူ ဆူညံစွာ တည်ရှိနေသည်။
အကြောင်းမှာ ပိုင်မင်းခန့်တို့အုပ်စု ဝိုင်းဖွဲ့ တည်ရှိနေသောကြောင့်တည်း..။
"တောသူမတွေကျနေတာပဲ အများကြီး မယူနဲ့ဟ...မကုန်ရင် ပိုက်ဆံပိုပေးရမှာ"
အသားဗန်းများကိုင်၍ ထည့်ချင်တိုင်းထည့်နေသော မိန်းကလေးများအား ရှိုင်းအောင် တိုးတိုး ကပ်ပြောလိုက်ခြင်းပင်။
"ပိုင်မင်းခန့်ကျွေးတာလေဟယ် ငါတို့ရှင်းရတာမှ မဟုတ်ဘဲ"
"အယ်...စားကံပါတုန်း စားရမှာပဲ
မသိဘူး စားမှာပဲ စားမှာပဲ ငါ့ကို လာမတားနဲ့"အရေးထဲ သီချင်းလို လုပ်ပြော လုပ်ဆိုနေကြသော အငတ်မများအား ယောက်ျားလေး၂ယောက်က မလွယ်ဘူး ဆိုသည့်အကြည့်များဖြင့် ခေါင်းယမ်းကာဘာမှမပြောဘဲ စားပွဲရှိရာသို့ ထွက်သွားကြသည်။
"ငပိုင် ဒီနေ့ ဘာနေ့တုန်း ထူးဆန်းလှချည်လား မင်းမွေးနေ့လည်း မဟုတ်ပါဘူး ခုလို ကျွေးရအောင်က"
ရှိုင်းအောင်ရဲ့စကားကို အကင်များအား အိုးပေါ်တင်ရင်း ပြုံးပြလိုက်ပြီး
"မလောပါနဲ့ကွာ..ပြောမှာပေါ့ အချိန်မတန်သေးဘူး လူစုံအောင်စောင့်လိုက်ဦး"
ပိုင်မင်းခန့်၏စကားကို နားမလည်သဖြင့် ရှိုင်းအောင်လည်း ဘာမှ ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ အကင်များဆီသို့ အာရုံပို့ထားလိုက်သည်။
ထိုစဉ် မိန်းကလေး အဖွဲ့ ရောက်လာပြီး ကိုယ့် အကင်များ ကိုယ့်အလုပ်များဖြင့် အလုပ်ရှုပ်နေသည်။
"ဟင်..အဲ့ဒါ ဟို အစစ်မ မလား"
ရုတ်တရက် ထက်ထက်၏စကားကြောင့် အားလုံး၏ အာရုံမှာ ပိုင်မင်းခန့်တို့ဝိုင်းဘက် လာနေသော ကောင်မလေး ဆီ အကြည့်ရောက်သွားသည်။
"အွန်း ငါဖိတ်ထားတာ"
ပိုင်မင်းခန့်သူငယ်ချင်းများထံမှ ဘာလို့လဲ ဟူသော မေးခွန်းများအား မကြားချင်ယောင်ဆောင်ရင်း

YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Lãng mạnယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉