part-33

5.6K 357 0
                                    

■ MUFL's 💓 Story ■

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သာယာသောမနက်ခင်းလေးသည် လင်းထက်ပိုင်နှင့် ဆန့်ကျင်စွာ လွန်စွာ တောက်ပလှပနေသည်။

စိတ်မွန်းကျပ်နေသလိုခံစားနေရသဖြင့်  ကျောင်းခန်းထဲသို့ တိုက်ရိုက်မသွားတော့ဘဲ ကျောင်းနောက်ဘက်ရှိ ဂျင်းကြီးနဲ့ ချိန်းတွေ့ရာနေရာဆီသို့ တစ်ယောက်တည်း ပျင်းပျင်းနှင့်သွားလိုက်သည်။

ကန်တင်းနဲ့ ကန်ဘောင်က ကျောင်းလစ်သည့်လူများနှင့် ပြည့်နှက်နေသောကြောင့် စိတ်မွန်းကျပ်နေသည်က ပိုဆိုးလိမ့်မည်။

ထို့ကြောင့် နားကြပ်လေး တပ်ကာ တစ်ကိုယ်တည်း သီချင်းလေးညည်းရင်း လမ်းလျှောက်လာလိုက်သည်။

စိတ်မွန်းကျပ်နေပါတယ်ဆိုမှ နားကြပ်ကတဆင့် နားစည်အတွင်းရိုက်ခတ်လာသည့် သီချင်းက.....

Bunny Phyoe ရဲ့ I'm ok

""ဟက်""

Ok လား မ ok လားတော့ မသိဘူဗျာ...

ခုတလော ဂျင်းကြီးနဲ့ သိပ် စကားမပြောဖြစ်တော့ဘူး။

ကျနော်ကပဲ စိတ်ထင်နေတာလားမသိ။

ဌာဌာ ဆီက ပြန်လာတည်းက ဂျင်းကြီးနဲ့ ကျနော် နီးလျက်နှင့်ဝေးနေကြသလားပဲ။

ကျနော့ စိတ်ကပဲထင်တာလားမသိ။

ဂျင်းကြီး ကျနော့အပေါ် ဂရုစိုက်မှု့တွေ လုပ်ဆောင်ချက်တွေ မပြတ်လပ်ခဲ့ပါဘူး။

မနက်တိုင်းmorning kiss နဲ့အတူ  ဖုန်းဆက်တယ်....။

စားချင်တာတွေ လိုက်ကျွေးတယ်။

ညနေတိုင်း အိမ်ထိ လိုက်ပို့တယ်။

ဘာလုပ်ချင်သေးလဲ။ ဘာလိုသေးလဲ။ ဘာစားချင်သေးလဲ။....စသည့် မေးခွန်းတွေ က အရင်ကတိုင်း မပြောင်းလဲ တည်ရှိနေဆဲပါ...။

ညတိုင်းဖုန်းပြောကြတယ်...။

တနေကုန်တွေ့ထားတာတောင် မရောင့်ရဲနိုင်ဘဲ VC တွေနဲ့အတူ အိပ်ခဲ့ကြတယ်။

အရင်တိုင်းပါပဲ....။ အရင်လိုပါပဲ...။

ဒါပေမယ့် အရင်က... မေးခဲ့တဲ့ မေးခွန်းတွေက ပိုပြီး အသက်ဝင်နေသလား။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now