OUR UTOPIA -1

45.7K 2.1K 152
                                    

(Unicode)

ဆင်ခြေဖုံးရပ်ကွက် တစ်နေရာ။

တစ်နည်း လမ်းမကြီးမှသည် မြောက်မြားလှစွာဖြင့်
ခွဲထွက်သွားသော လမ်းချိုးလေးတစ်ခု။

ထိုနေရာတွင် ပုဂ္ဂလိကပိုင်၈လွှာအဆောက်အဦး
တစ်ခုရှိလေသည်။မြေညီထပ်တွင် mini mart
တစ်ခုရှိပြီး အပေါ်ဆုံးအထပ်တွင်မူ ကုမ္ပဏီ
ရုံးခန်းလေးတစ်ခုရှိသည်။ကြားအလွှာများတွင်ကား
ကိုယ်ပိုင်တိုက်ခန်း သို့မဟုတ် အခန်းငှါးသဘောမျိုး
ထားသောကြောင့် ၊ ဆင်ခြေဖုံးရပ်ကွက်ဟု
ဆိုသော်ငြားလည်း ဒီနေရာတစ်ဝိုက်သည် လူ
အနည်းငယ်တော့ရှုပ်ရိုးအမှန်ပင်ဖြစ်သည်။

" ဟာကွာ ငါရူးတော့မှာပဲ "

" အေး မနက်ဖြန် deadline နော် ။ မမှီလို့
ပထမဆုံးလာအပ်တဲ့ အလုပ်လေးနဲ့တင်
ကုမ္ပဏီပြုတ်သွားရင်  အဲ့အခါ ငါ့ကို
မင်းတင်ကျွေးဖို့သာ  ပြင်ထား ။ "

အပေါ်ဆုံးအထပ်၈လွှာမြောက်တွင် ဆူညံ
ပွက်လောရိုက်နေလျက်ရှိသည်။

မင်ယွန်းဂီ၏ခြိမ်းခြောက်သံကြောင့် ဂျီမင်၏
ဇက်ကလေး အလိုလိုပုဝင်သွားခဲ့သည်။

" ဒီညအပြီးဆွဲမှာပါဆိုမှ ဒီဘိုးတော်ကတစ်မှောင့်။
မင့်ဂျီးတော်မို့ ကုမ္ပဏီကပြုတ်ရမှာလား။ပြီးတော့
မင်းကိုငါက ဘာလို့တင်ကျွေးထားရမှာလဲ။
အားအားနေ ဒါပဲလာခလုတ်တိုက်နေတယ်။
ကြည့်နေ ဒီညအပြီးဆွဲပြမယ် ။ "

တိုက်ပွဲခေါ်သံများကြောင့် ထယ်ယောင်းတစ်ယောက်
ရုံးခန်းထဲမှာဆက်မနေနိုင်ဘဲ ထွက်လာမိတော့သည်။

" ဒီနှစ်ကောင် ငါအလုပ်ထုတ်ပစ်လိုက်ရ ။ ငါ
ဂိမ်းဆော့နေတယ်ဆိုတာ မင်းတို့မသိဘူးလား။
တိတ်တိတ်မနေရင် ရှယ်ယာဝင်ထားတာတွေ
အကုန်ပြန်သိမ်းမှာ။ "

နှစ်ယောက်လုံးပါးစပ်ပိတ်သွားကြသည်။

ဒီလိုတော့ သူတို့အဖြစ်မခံနိုင်ပါ။ ထယ်ယောင်းက
ပြောတဲ့အတိုင်းလုပ်တတ်သူပင်။ ဂဂျီဂဂျောင်
လည်းအလွန်ကျသည်။တော်ရုံစကားသိပ်မပြော
တတ်သော်လည်း ၊ ပြောရင်လည်းတော်တော်နဲ့
မပြီးနိုင်သောအမျိုးဖြစ်သည်။ အထူးသဖြင့်
သူ မကျေနပ်တာတွေရှိလျှင် လွန်ခဲ့တဲ့ဆယ်နှစ်
လောက်ကကိစ္စတွေပါ ပြန်ဖော်ပြီး ဓာတ်ပြားရစ်
သလို သတိရတိုင်းထထရစ်လေ့ရှိသည်။

OUR UTOPIA [Completed]Where stories live. Discover now