(Unicode)
နာမည် - ထယ်ယောင်း
အလုပ်အကိုင် - The Faceဆိုတဲ့ Company
လေးကို သူငယ်ချင်းနှစ်ယောက်နှင့်
အတူဖက်စပ်လုပ်ကိုင်လျက်ရှိချစ်သူရည်းစားရှိမရှိ - လုံးဝကိုမရှိ
Ideal type - ဘယ်သူမှမကြိုက်
ပညာအရည်အချင်း - အင်ဂျင်နီယာဘွဲ့ဖြင့်
ကျောင်းပြီးထားကြိုက်တတ်တာတွေက - ဂိမ်း၊ပိုက်ဆံ၊အဝတ်အစား
အမုန်းဆုံးက - သူ့ကိုဆရာလုပ်တာ၊ကျောတာ
သွားတတ်တဲ့နေရာတွေက - စာအုပ်အရောင်းဆိုင်၊
ပန်းဆိုင်၊ ဟန်မြစ်၊
(အများအားဖြင့်တော့ရုံးခန်း
မှာပဲရှိတတ်သည်)လူမှု့ဆက်ဆံရေး - စိတ်မမှန်၊ ဖော်ရွေချင်သူကို
ဖော်ရွေပြီး တချို့ကိုတော့
ခပ်တန်းတန်းသာဆက်ဆံတတ်သည်။မှတ်စုစာအုပ်လေးကို ဂျုံးဂုပိတ်လိုက်သည်။
မပြည့်စုံသေးပေမယ့် ဒီလောက်ဆိုလုံလောက်ပြီ။
သူများကို အချက်အလက်တွေရှာဖွေခိုင်းတာထက်
သူကိုယ်တိုင်ပဲ ထယ်ယောင်းအကြောင်းကို စုံစမ်းဖို့
ဆုံးဖြတ်ထားသည်။ထိုမှတစ်ဆင့် ရင်းနှီးကျွမ်းဝင်
ခွင့်တွေနဲ့ ထယ်ယောင်းအနားကိုချဉ်းကပ်မည်။လှိုင်းကောက်ပြေပြေထချင်နေသော
ဆံပင်တို့ကိုနဖူးပေါ်သို့ သူ
လှန်တင်လိုက်သည်။မှန်တင်ခုံရှေ့ပေါ်တွင် လက်ထောက်ပြီး
သူ့ကိုယ်သူ မှန်ထဲစိုက်ကြည့်မိတော့
သိပ်အဆင်မပြေသလို ခံစားရသည် ။အသက်မပါတဲ့မျက်လုံးတွေကို အရင်ပြင်ရမည်။
ပြီးတော့ စေ့စေ့ပိတ်ထားတဲ့ ဒီနှုတ်ခမ်းတွေ
ပြုံးတတ်လာအောင်လည်း လေ့ကျင့်ရဦးမည်။
သူ့အစိတ်အပိုင်းအားလုံးက ထယ်ယောင်း
မျက်စိထဲ လုံးဝကိုကန့်လန့်ခံသွား၍ မဖြစ်။စိတ်ထဲကအကြင်နာတွေကိုချပြဖို့
ဟိုးအရင်ကတည်းကနေ အခုထိ
ကိုယ် ဘာကြောင့်များ
တွေဝေခဲ့မိတာပါလိမ့် .....အခုအဲ့လိုမလုပ်တော့ဘူးလို့ ကတိပေးတာမို့
ကိုယ့်ဆီသာနောက်တစ်ကြိမ်ပြန်လာမယ်လို့
ပြောပါ .....