OUR UTOPIA - 37 (FINAL)

14.4K 913 255
                                    

(Unicode)

နွေဦးသည်ပိုပူလာသည်မှလွဲ၍ မြင်ကွင်းတွေကတော့
ရိုးရှင်းစွာ လှပနေဆဲပင်ဖြစ်သည်။
လမ်းဘေးဝဲယာတွင်ကား ရွက်ခြောက်ကြွေတို့က
တလွင့်လွင့်မျောပါရင်း လေဟုန်စီးနေကြသည်။

မနက်ခင်းသည် သံသရာချားရဟတ်ပမာ
တစ်ကျော့ပြန်လည်၍ လာစမြဲ ။     
တံလျှပ်ရောင်ထအောင်ပူပြင်းသည့် ဤကန္တာရ
ထဲတွင်လည်း ကြည်ပြာရောင်အိုအေစစ်ကလေးသည် တစ်ထောင့်တစ်နေရာ၌ရှိနေဦးမည်မှာ သေချာသည်မို့
မျှော်လင့်ချက်နှင်ကြိုးသည် ဆက်ပြေးဖို့ကိုသာ
တွန်းအားပေးလေ၏။

" ဂျုံး ဂု "

လက်မောင်းကိုဆွဲကိုင်လှုပ်ရင်းနှိုးနေတဲ့ အထိအတွေ့
လေးကြောင့် ဂျုံးဂုက တအီးအီးတအဲအဲညည်းရင်း
မျက်လုံးဖွင့်ကြည့်လိုက်တယ် ။

" ဒီနေ့ကျောင်းဆီ လုပ်အားပေးဖို့ သွားမယ်ဆို ။
နောက်ကျနေဦးမယ်... စောစောထလေ "

မိမိကိုပြုံးပြုံးလေးငုံ့ကြည့်နေတဲ့မျက်နှာလေးက
မိုးဆဲပြီးနောက် ထွက်ပေါ်လာသောသက်တံ့ကလေး
တစ်စင်းလို ။ နွေးထွေးငြိမ်သက်စွာနဲ့ လှချင်တိုင်း
လှနေခဲ့သည် ။

ဂျုံးဂုသည် အိပ်ချင်မူးတူးနဲ့ပြုံးနေရင်းမှပင်
ထယ်ယောင်းခါးလေးကို သိမ်းပွေ့ကာ
အိပ်ရာပေါ်လှဲချပြီး ဖက်ထားလိုက်သည် ။
ပုံခနဲပြိုကျလာတဲ့ကိုယ်လုံးလေးက ဂျုံးဂု၏
သန်မာသောလက်မောင်းများကြားထဲတွင်
အိခနဲနစ်မြုပ်သွားရရှာ၏။

" ငါးမိနစ်ပဲ နော် နော် "

ထယ်ယောင်းလည်ပင်းနားဆီ ခေါင်းလေးနဲ့
တိုးဝင်ပွတ်သပ်ရင်း ကပ်ချွဲနေတဲ့ကြောင်ဆိုးကြီး။

" အစ်ကို့ကို ဖက်ထားရတာကောင်းလိုက်တာ "

ခပ်ရှရှအသံလေးနဲ့ချွဲရုံပင် မပြီး ။
အစ်ကို့တစ်မျက်နှာလုံးအား တရှုးရှုး
အသံထွက်အောင်ပင်နမ်းကာ ပိုတိုးပြီး
ဖက်ထားလိုက်သည် ။ ဖြစ်နိုင်ရင် ဒီခန္ဓာကိုယ်
လေးကို ရင်ဘတ်ထဲသာထည့်ပွေ့ထားရင်း
နေရာတကာခေါ်သွားချင်မိသည် ။

ညနေကျရင်လည်း အစ်ကို့နဲ့အတူ ဟန်မြစ်နားမှာ
စက်ဘီးသွားစီးဖို့ စီစဥ်ထားသေးသည် ။
စိတ်ကူးတွေယဥ်ရင်းယဥ်ရင်းဖြင့် ဂျုံးဂုပြန်လည်
အိပ်မောကျသွားခဲ့သည် ။

OUR UTOPIA [Completed]Where stories live. Discover now