OUR UTOPIA -23

7.7K 888 163
                                    

(Unicode)

လစ်ဟာနေသော ကွက်လပ်ကလေးကို
မြင်မြင်ချင်းမှာပဲ ဂျုံးဂု အိပ်နေရာမှ
ဆတ်ခနဲထထိုင်မိလိုက်သည် ။ 
တစ်အိမ်လုံးအနှံ့ ခြေလှမ်းကျဲတွေနဲ့
ရှာပါသော်လည်း အစ်ကို့အား မတွေ့ ။

အိမ်ပေါ်သို့ ပြန်ပြေးလာပြီး ဖုန်းကို
ကောက်ဖွင့်မိသည်။

"  အစ်ကို ဘယ်တွေသွားနေတာလဲဗျာ "

" အမေ့ဆီမှာ "

" ကျွန်တော်လာခေါ်မယ် "

" မလိုက်ဘူး မခေါ်နဲ့ ဖုန်းချလိုက်တော့မယ် "

" ဟာ မရဘူးနော် ။ လုံးဝပဲ မချလိုက်နဲ့ ။ "

" .... "

" အစ် ကို "

အသံရှည်ဆွဲပြီး ချွဲနွဲ့စွာခေါ်လာပါသောအသံလေး။
ထယ်ယောင်းက အပိုတွေဟူသော သဘောနဲ့
နှာခေါင်းနာနာရှုံ့ပါ၏။

" ခွင့်မလွှတ်ဘူးလားဟင် ။ ဒီကောင်လေးက
အရမ်းတွေချစ်ချင်လာရင် ဇွတ်တရွတ်လုပ်
မိတာလေးပဲရှိတာကို ...နော် ဗျာ အစ်ကိုကလည်း
တောင်းပန်ပါတယ် ။ ခွင့်လွှတ်မယ်မဟုတ်လားဟင် "

" ဘာလဲ ? ဘာကို ခွင့်လွှတ်ရမှာလဲ ? မသိဘူး
ဖုန်းချလိုက်တော့မယ် ဒါပဲ "

ဆောင့်ကြီးအောင့်ကြီးနဲ့ ဖုန်းချသွားသော
ထယ်ယောင်းကြောင့် ဂျုံးဂုမှာ အိပ်ရာပေါ်သို့သာ
ပစ်လှဲပြီး တစ်ကိုယ်လုံးလှုပ်ခါကာ ဝုန်းဒိုင်းကြဲ
နေမိသည် ။

တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကိုမှ
ချော့ဖူးတာမဟုတ်တဲ့ သူ့အတွက်တော့
အစ်ကိုစိတ်ဆိုးလျှင် နေစရာကိုမရှိ။
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ။

ရှေ့မျက်နှာနောက်ထားပြီး သွားပြန်ခေါ်ရမှာပဲ ။

ဂျုံးဂုသည် ကုတင်ပေါ်မှ ဝုန်းခနဲထရပ်ကာ
ရေချိုးခန်းဆီထွက်ခဲ့လိုက်သည် ။

မိမိ၏လက်ခုံပေါ်မှ ပလာစတာကို တွေ့ပါမှ
ဟားခနဲပြုံးရယ်မိတော့၏။ အစ်ကို အရမ်း
စိတ်မဆိုးတာသေချာသွားပြီ ။ ဒဏ်ရာကို
မြင်ပြီး ထွက်မသွားခင်မှာ ဆေးထည့်သွား
ပုံထောက်လျှင် အစ်ကိုရှက်ရမ်းရမ်းပြီး
ရှောင်နေတာသာဖြစ်လောက်ပါ၏။

OUR UTOPIA [Completed]Where stories live. Discover now