OUR UTOPIA - 36

6.5K 741 138
                                    

(Unicode)

အိမ်ရှင်ထီးကြီးတစ်ယောက်ကတော့ ဟင်းသီး
ဟင်းရွက်တွေခူးမယ်ဆိုပြီး မိုးလင်းကတည်းက
ယာခင်းထဲသွားလေရဲ့။

ထယ်ယောင်းကတော့ ထမင်းချက်ပြီးတာ
ကြာပြီ ။ ဟင်းချက်ဖို့ဆိုပြီး ယောင်းမတကိုင်ကိုင်နဲ့
စောင့်နေတာ ဂျုံးဂုကပြန်ကိုမလာသေး ။

မနေ့ညက အဘိုးကိုဆေးရုံလိုက်ပို့ပေးခဲ့ပြီး
အခုမနက်ပင် ထူထူထောင်ထောင်ဖြစ်လာတော့
ထယ်ယောင်းဝမ်းသာရသည် ။ ဘယ်အချိန်အထိ
ဒီမှာထပ်နေရဦးမလဲမသိပေမယ့် ဟိုနှစ်ကောင်ကိုပဲ
အလုပ်အကုန်အပ်ကာ ဆရာခေါ်ပစ်လိုက်သည် ။
ပယ်ပယ်နယ်နယ်ညည်းရှာတဲ့ ခိုလေးတွေက
သနားစရာပါပဲ ။ အားကိုးဖော်ကတော့ရသည် ။

တစ်ယောက်တည်းနေလို့ မဖြစ်ဘူးဆိုတာ အသက်ကြီးလာလေပိုသိလာရလေပဲ။
တကယ်ပင်ပန်းလာတဲ့အခါ သက်တောင့်သက်သာ
မှီချလို့ရမယ့် ကျောထောက်နောက်ခံတွေဟာ
ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလိုပါပဲ ။
သူတို့အသံကြားတာနဲ့ကို အားဖြစ်ရတယ် ။

အခုလည်း အလုပ်မရှိအလုပ်ရှာပြီး ယွန်းဂီကို
ဖုန်းဆက်နေတာ ။ ဂျီမင်အသံကလည်း တစ်ချက်
တစ်ချက်ကြားနေရသေးသည် ။ တရှီးရှီးနဲ့
ဆဲပြီးခေါင်းကုတ်နေပုံပင် ။ deadline နီးမှ
ကပ်ကပ်လုပ်တတ်တဲ့အကျင့်ကို အခုထိ
ပြင်နိုင်ပုံမရ ။ ပြီးရင် သူတစ်ယောက်တည်း
ကျားမြီးဆွဲပြီး ပတ်ပြေးနေသလို ပြာယာခတ်နေတာ။
အဲ့လိုဖြစ်လာရင်လည်း ဟိုလူ့လှည့်မဲလိုက်
ဒီလူ့လှည့်ဆဲလိုက်နဲ့ မေတ္တာတရားတွေ
ဖြန့်ဝေလိုက်ရသေး ။

" ငါပြောမလို့ သိလား "

" ဘာပြောမှာလဲကွာ မြန်မြန်ပြော
  အလုပ်ရှုပ်ရတဲ့ကြားထဲ 109 ,110 တွေကတစ်မျိုး "

" မင်းလင်ကို 109, 110 ပါလား ငါမင်းသူဌေးကွ "

" ဟုတ်ပါပြီသူဌေးမင်းရယ် ပြောပါမြန်မြန် "

* အဲ့သူဌေးလူယုတ်မာနဲ့ စကားမပြောနဲ့
ဖုန်းချလိုက် ဖုန်းချလိုက် *

ဘေးကနေ အော်နေမြဲ စွာစိပတ်ခ်ဂျီမင် ။

" ငါလေအခု Modern Hanbok ဝတ်ထားတာသိလား"

OUR UTOPIA [Completed]Where stories live. Discover now