OUR UTOPIA - 4

12K 1.4K 68
                                    

(Unicode)

ကုမ္ပဏီတွင် ထယ်ယောင်းတစ်ယောက်တည်း
ဖြစ်သည်။သူက အများထက်ရုံးစောစော
တက်လေ့ရှိပြီး အလုပ်နောက်ကျတာတွေကို
မကြိုက်။ လူငယ်သဘာဝပေါ့ပေါ့ပါးပါး
နေပေမယ့် အားလုံးကို သူ့နေရာနှင့်
သူ ခွဲခြားထားသည်။

ကိုယ်ပိုင်ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်ရင်း ၊
ဖိုင်တွဲတွေကိုပါ တစ်ဆက်တည်း
လှမ်းယူလိုက်သည်။ လက်ညိုးကို စာရွက်
ဖြူဖြူပေါ်သို့ထောက်ရင်း ၊ မပြီးပြတ်သေးသော
အလုပ်စာရင်းများအား သူ ကြည့်လိုက်သည်။

စကားလုံးများကို မြင်သည်နှင့် အကျင့်
ပါနေသောလုံးဝန်းဝန်း နှုတ်ခမ်းသိပ်သိပ်
တစ်စုံက ပွင့်ခါစ နှင်းဆီရဲရဲပမာ
စူစူထွက်လာလေသည်။

ဂျုံးဂုသည် ရုံးခန်းတံခါးဝတွင် ကြက်သေ
သေနေမိဆဲဖြစ်သည်။ တံတွေးပေါင်း
မြောက်မြားစွာက လည်ဇလုတ်ချွန်ချွန်
မှတစ်ဆင့် လည်တိုင်တစ်လျှောက်စီးဆင်း
သွားခဲ့သည်။သူ့ရင်ထဲတကယ်မီးတောက်နေတယ်။

ချစ်တယ်လို့ ပြောခွင့်မရှိသေးတာက
အဆိုးဆုံး။ အနည်းဆုံးတော့
ချစ်နေတာကို သိစေချင်ခဲ့တာ။

တစ်နေ့နေ့တော့ ပြောမယ်ဆိုပေမယ့်
အဲ့ဒီအနာဂတ်တွေက အခုချက်ချင်းပဲ
ဖြစ်လိုက်ရင်ဘယ်လောက်ကောင်းမလဲ....

" အဲကွန်းလာပြင်တာပါ "

ဦးထုပ်ကို ခပ်နိမ့်နိမ့်ဆွဲချရင်း ဂျုံးဂု
အသံပြုလိုက်သည်။ လက်တစ်ဖဝါးစာ
ဟနေသော တံခါးဝသို့ ထယ်ယောင်း
လှမ်းကြည့်လိုက်ပြီး ၊

" သြော် အဲ့မှာကြည့်ကျက်လုပ်လိုက် ။
ညာဘက်ထောင့်စွန်းက တစ်ခုပျက်နေတာ "

ရှစ်နာရီတောင်မထိုးသေး။အဲကွန်းပြင်သမား
ရောက်ချလာသည်မို့ ထယ်ယောင်း နည်းနည်း
တော့ မျက်ခုံးပင့်လိုက်မိလေသည်။

အရင်အဲကွန်းတွေပျက်တုန်းကဆို ဒီနေ့ခေါ်
တာတောင် နောက်တစ်ပတ်နေလို့
ရောက်မလာသည့်အမျိုးမို့ ဒီလူကို
ထယ်ယောင်းစိတ်ထဲမှ ချီးကျူးလိုက်မိသည်။

မနက်၈နာရီခွဲ ....။

ထယ်ယောင်းအပြင်သို့ ထွက်လာလိုက်တော့
ကျောပေးထားသော အဲကွန်းပြင်သမားက
တကုတ်ကုတ်နဲ့အလုပ်ရှုပ်နေတုန်းဖြစ်သည်။

OUR UTOPIA [Completed]Where stories live. Discover now