(Unicode)
" မတွေ့ဖူးပါဘူး "
" ဟုတ်လား ။ ကျွန်တော်အစ်ကို့ကို အရမ်းရင်းနှီး
သလိုခံစားနေရလို့ ။ မဟုတ်ဘူးဆိုလည်း
တောင်းပန်ပါတယ်နော် "ပြုံးနေရာမှ ချက်ချင်းညိုးကျသွားတဲ့
ကောင်လေး။" ရပါတယ် "
ထယ်ယောင်း အနေရခက်စွာဖြင့် မဲ့ပြုံးပြုံးပြမိသည်။
ရုန်းလိုက်ပေမယ့် ထိုကောင်လေး၏လက်ထဲမှ
သူ့လက်သည် လွတ်မသွား။ မိမိလက်ကို
တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း မိမိမျက်နှာကို
အငမ်းမရကြည့်နေသော ထိုကောင်လေးကြောင့်
ထယ်ယောင်းအတွေးတွေ တောင်တောင်အီအီ
ဖြစ်ကုန်သည်။ပြန်ပေးတွေ၊ဘာတွေဆွဲမလို့တော့
မဟုတ်ပါဘူးနော် ....." လက် လက်ကိုလွှတ်ဦးလေ "
" ဟာ ဆောရီးအစ်ကို "
ထိုကောင်လေးလက်ထဲမှ လွတ်လွတ်ခြင်းပင်
ထယ်ယောင်း ခပ်သုတ်သုတ်ပြေးမိတော့၏။
နှစ်မှတ်တိုင်လောက်ကို လမ်းကျော်လျှောက်
လာမိသည်အထိ သူ့စိတ်တွေဖရိုဖရဲဖြစ်နေခဲ့သည်။ရင်ထဲတွင်တင်းကျပ်နေကာ ငိုချင်သလို၊
ကြည်နူးသလိုခံစားမှု့တို့က တရိပ်ရိပ်
တက်နေသည်။ busကားစီးပြန်တော့လည်း
မှတ်တိုင်ကျော်သွား၍လမ်းပြန်လျှောက်လိုက်
ရသေး။မင်း ဘယ်လိုကောင်လေးလဲ .....
ထိုနေ့ညက ဂျီမင်ဆီကိုတောင် ဖုန်းမဆက်မိခဲ့ချေ။
လိုင်းလည်းမသုံးချင်တော့သောကြောင့် ထမင်းစား
ရေမိုးချိုးပြီးသာ အိပ်ရာဝင်ခဲ့လိုက်သည်။အိပ်ပျော်ခါနီး၌ သူ့နာမည်ခေါ်သံအား
ကြားမိလိုက်သေးသည်။ ထိုအသံသည်
အဝေးကြီးမှလာသောအသံဖြစ်ပုံရသည်။
ပင်လယ်ရေလှိုင်းများလို တစ်ဆင့်ပြီးတစ်ဆင့်
တုန်ခါခြင်းမျိုးနဲ့ သူ့နားဆီရိုက်ခတ်လာသည်။အဲ့လိုအသံမျိုးအား သူ ငယ်ငယ်တုန်းကတစ်ခါ၊
အရွယ်ရောက်စကတစ်ခါ ၊ အခုအသက်နှစ်ဆယ့်
သုံးနှစ်မှာတစ်ခါ ပေါင်းသုံးခါတိတိကြားဖူးသည်။ မှတ်မှတ်ရရဘာကြောင့်ဖြစ်နေရသလဲတော့
သူ မသိပါ။