(Unicode)
ထယ်ယောင်းသည် ဘတ်စ်ကားမှတ်တိုင်တွင်
ကားအလာကိုလှမ်းမျှော်လိုက် ၊ လက်ရှည်အင်္ကျီကို
လှန်ကာနာရီကြည့်လိုက်နဲ့ဗျာများနေခဲ့သည်။
ငယ်သူငယ်ချင်းတစ်ယောက်၏မင်္ဂလာပွဲသို့
သွားမည်ဆိုပါမှ မှတ်တိုင်တွင်လူများနေလျက်
ရှိသည်။မိနစ်ခြားတစ်ခါဆိုက်ရောက်လာသော
ဘတ်စ်ကားများရှိပေမယ့် အလုပ်ပိတ်ရက်လည်း
ဖြစ်သည့်အပြင် မှောင်မဲနေသောမိုးသားတိမ်လိပ်
များကြောင့် ဘတ်စ်ကားဆီသို့အလျှိုလျှိုတက်
သွားသော လူများဖြင့်စုပြုံနေကြတော့၏။မကြာလိုက်ပါချေ ။ တပွမ်ပွမ်မြည်သံကိုပေး၍
ဆိုက်ရောက်လာသောကားတစ်စီး။" အစ်ကို "
ကားမှန်ကိုချ၍ခေါ်လာသော ဂျုံးဂုကို
ထယ်ယောင်း မြင်လိုက်ရသည်။
ရင်ကလှိုက်ခနဲပျော်သွားသော်ငြား
မင်သေသေမျက်နှာမှတက်မလာသော
ထယ်ယောင်းပင်ဖြစ်သည်။" အစ်ကို တက်လေ "
ဂျုံးဂုက အားမလျော့ဘဲ ထယ်ယောင်းကို
ဆက်ခေါ်နေ၏။ခေါင်းခါပြကာ မျက်နှာကို
တစ်ဖက်သို့လွှဲသွားသော ထယ်ယောင်းကြောင့်
ဂျုံးဂု ရင်ကမျက်ခနဲ။ သို့သော်မျက်နှာမှ
အပြုံးချိုချိုတို့သည် ထယ်ယောင်းအတွက်မူ
တောက်ပလင်းလက်နေမြဲ။" တက်ပါ ။ အစ်ကို့ကို ကားတင်မပြေးဘူး စိတ်ချ။"
ထယ်ယောင်းက ဂျုံးဂုကို ခပ်ရှရှတစ်ချက်
ကြည့်သည်။ မကျေမနပ်ဖြစ်နေတဲ့ပုံလေးကပင်
ဂျုံးဂုမျက်လုံးထဲကြည့်မဝရှု့မဝ။ ခန့်ညားကြည့်
ကောင်းနေသောဝတ်စားထားပုံက အခမ်းအနား
တစ်ခုခုကိုသွားမည့်ဟန်ဖြစ်ကြောင်း ဂျုံးဂု
ရိပ်မိလိုက်သည်။အရင်ကဆို ဘောင်းဘီတိုနံ့နံ့ကို
ဝတ်၍ ကွင်းထိုးဖိနပ်တကားကားဖြင့် အဝတ်ပုံထဲ
ခေါင်းပျောက်နေသည့်အလား ချစ်စရာကောင်း
လွန်းပြီး အခုတော့ဖြင့် ခပ်သွယ်သွယ်ခန္ဓာကိုယ်
လေးထက် ချပ်ရပ်ပုံကျလျက်ရှိသောဝတ်စုံကြောင့်
တစ်မျိုးတစ်ဘာသာကြည့်ကောင်းပြန်လေသည်။ထိုစဉ် ထယ်ယောင်းဘေးနားကို ရောက်လာသော
လူတစ်ယောက်။ ဂျုံးဂု၏အပြုံးတွေချက်ချင်း
ပျောက်ကွယ်သွားကာ၊အေးစက်သောမျက်လုံးတို့က
နေရာယူလာကြသည်။