OUR UTOPIA -9

11.2K 1.2K 186
                                    

(Unicode)

ဂျုံးဂုက သူ့လက်ကိုဆွဲကာပင် အိမ်ထဲသို့ ရဲရဲ
တင်းတင်းခေါ်သွားခဲ့သည်။

" မေမေရေ "

" သြော် သားလေး ...
လာလေ သူငယ်ချင်းရောက်လာတာလား ? "

ထိုအခါ ဂျုံးဂုက သူ့နားရွက်ဖျားကို
ထိတော့မတတ် တိုးတိုးကပ်ပြောလာသော
စကားတစ်ခွန်း ....

" သူငယ်ချင်းလို့ပြောလိုက်ရမလား ?
ကျွန်တော့်ကောင်လေးလို့ပြောလိုက်ရမလား ? "

ထယ်ယောင်းမှာ ဂျုံးဂုကိုထိတ်လန့်တကြား
မော့ကြည့်မိတော့၏။ ထို့နောက် ထစ်အနေသော
အသံတုန်တုန်လေးဖြင့် ၊

" သူ သူ ငယ်ချင်းပဲ "

ဂျုံးဂုက "အိုခေ"ဟူသော မျက်နှာပေးဖြင့်
မျက်ခုံးကိုအသာပင့်တင်ရင်း အသိအမှတ်
ပြုလိုက်သည်။

" ဟုတ်မေမေ ...အခုတော့ သူငယ်ချင်းပဲ "

ဘာစကားကြီးလည်း ဒါက...
အနှောင့်အသွားမလွတ်ချက်က ...
ဒီကောင် ဖျားနေတာရော ဟုတ်ရဲ့လား ....

ဂျုံးဂု၏အမေကတော့ သူ့သားစကားကို
နားလည်ဖို့ ကြိုးစားနေရှာသည်ထင်။
မျက်မှန်တွေပင် ပင့်တင်လိုက်သေး။

" မေမေ သား ဖျားနေတာသိလား "

သူ့အမေခါးကို စွေ့ခနဲဖက်ရင်း ခေါင်းတိုးဝှေ့ကာ
ချွဲနေသူက သူ့ရုံးခန်းတံခါးကိုမီးသတ်ဆေးဗူးနဲ့
ရိုက်ဖျက်စီးသွားတဲ့ ဂျွန်ဂျုံးဂုမှ ဟုတ်ပါလေစ။

ဂျုံးဂု၏လက်မောင်းတွေက သူ့နှစ်ဆနီးပါးမက။
သေးသွယ်သော မိမိ၏ခန္ဓာကိုယ်မှာလည်း
ဂျုံးဂုနှင့်ယှဉ်လိုက်ပါက အတော့်ကိုကွာသည်။

ထိုမျှလောက်အထိ ယောကျာ်းပီသသောလူက
ယခုတော့ဖြင့် အမေ့ဘေးနားကပ်ချွဲနေသတဲ့လား ။
ထယ်ယောင်းမယုံချင်။ မိမိမှာ လူကသာပိစိ။
စကားပြောလျှင်ထထိုးချင်စရာ။ ချွဲနွဲ့ပါကလည်း
အတောင့်လိုက်ကြီးနဲ့ မပြေမပြစ် ။ ထို့ကြောင့်
သူများချစ်အောင်နေခြင်းထက် ကိုယ့်ပုံစံနဲ့
အံဝင်ဂွင်ကျဖြစ်မယ့်အခြေအနေတစ်ခုမှာပဲ
်ထယ်ယောင်း စိတ်ရှင်းရှင်းနဲ့နေပါသည်။

OUR UTOPIA [Completed]Where stories live. Discover now