(Unicode)ဂျုံးဂုသည် ခြံထဲရှိဒန်းပေါ်၌ စာအုပ်တစ်အုပ်နှင့်
အေးအေးလူလူအနားယူနေလျက်ရှိသည် ။
ထယ်ယောင်းကတော့ အလုပ်တွေကိုပစ်ထားတာ
များပြီဟုဆိုကာ သူ့ companyရှိရာသို့ မိုးလင်း
ကတည်းကပင် ထွက်သွားခဲ့သည် ။အမှန်က အစ်ကိုယွန်းဂီနှင့်အစ်ကိုဂျီမင်တို့နှစ်ဦး
နှင့်ပင် နိုင်နင်းသောအလုပ်ဖြစ်သည်။
ဘေးနားတွင်တစ်ချိန်လုံး နေစေချင်သော်လည်း
မသွားပါနဲ့ဟု ပြောမထွက်ရက်ခဲ့ ။ ရွှင်မြူးနေတဲ့
ပုံလေးကိုမြင်သည်နှင့် အပျော်တွေ အလိုလို
ကူးစက်ကာ ခေါင်းငြိမ့်ခဲ့မိသည်။#ဘုတ်
ထိုစဉ်ခြံစည်းရိုးပေါ်မှ ကျော်ဝင်လာသော အထုတ်
တစ်ထုတ်ကို ဂျုံးဂုတွေ့လိုက်ရလေသည်။စာအုပ်ကိုဒန်းပေါ်တင်၍ ခြံတံခါးကို အပြေး
သွားဖွင့်ကာ အပြင်သို့စူးစမ်းလိုက်သော်လည်း
လူအရိပ်အယောင်ကား မတွေ့ရတော့ချေ ။
ထို့နောက် သတိထားကာယူငင်ပြီး ဖွင့်ကြည့်
လိုက်မိသည်။ဓာတ်ပုံလေးငါးပုံက ဂျုံးဂုကို အသက်ရှု
မှားသွားစေသည်။ တစ်ပုံချင်းအားသေချာ
မကြည့်ရှူနိုင်အောင်ပင် ဂျုံးဂုလက်တွေက
တုန်ရီနေခဲ့သည် ။ ရစ်ဝိုင်းလာသောမျက်ရည်စ
တွေကို အပြင်ကျခွင့်မပေးဘဲ တောက်ပြင်းပြင်း
ခေါက်မိသည်။" ဒါဘာတွေလဲ အစ်ကိုရာ "
မာလွန်းသောအသည်းသည်လည်း အစ်ကို့ကြောင့်ပဲ
အကျိုးအပဲ့တွေပမာ တစ်စစီပြိုလဲကုန်သည်။
လူမှန်းသိတတ်စကတည်းက မငိုဖူးသော
ယောကျာ်းတစ်ယောက်အတွက် အစ်ကိုဟူသော
ထိချက်ကပြင်းလွန်းလှပါသည်။အနမ်းချင်းဖလှယ်နေတဲ့ပုံတွေကို ဂျုံးဂု
ကျစ်ကျစ်ပါအောင် လုံးခြေပစ်မိသည်။" ကျွန်တော်ကတော့ ချစ်လိုက်ရတာ "
သိပ်ချစ်တတ်မှန်းသိလို့များ သိပ်ဆိုးလွန်း
နေတာလား အစ်ကိုရာ ။ အနိုင်ယူလို့ရပေမယ့်
ကစားခွင့်တော့ မရှိဘူးအစ်ကို ။တစ်ကယ်ဆို အစ်ကိုက ကျွန်တော်
တစ်ဦးတည်းနဲ့ပဲဆိုင်တဲ့ ဖြစ်တည်မှု့ကလေး။