OUR UTOPIA -22

7.9K 924 171
                                    

(Unicode)

ခပ်သဲသဲတိုက်ခတ်လာသော လေပြင်းများကြောင့်
ဂျီမင်က အိတ်ကပ်ထဲသို့ လက်များကို ထည့်ကာ
နွေးစေလိုက်သည် ။ အသောက်သမားနှစ်ယောက်
ကတော့ ပတ်ဝန်းကျင်မှာဘာဖြစ်နေလဲဆိုတာ
သိပုံမရ ။ တစ်ယောက်က ဆိုဂျူထိုင်သောက်နေပြီး
တစ်ယောက်က cola ထိုင်သောက်နေသည် ။

ဂျီမင်ကတော့ ဘာမှထပ်မသောက် ။
မသောက်ဆို သူ အလွန်ရေချိန်ကိုက်နေပြီပဲ
ဖြစ်သည်။ beer ပုလင်းပေါင်းများစွာက
သူ့လက်ချက်ကြောင့် အခွံချည်းသာကျန်တော့သည်။

ဂျီမင်က ငါးအူချောင်းတစ်ချောင်းကို
လှမ်းယူကာ ထိုင်ဝါးနေလျက်ရှိသည် ။
ဒူးတစ်ဖက်ပေါ်တွင် ခေါင်းတင်၍
ပျင်းတိပျင်းရွဲ စားနေသော ဂျီမင်ကို
ထယ်ယောင်းက မျက်လုံးစွေကြည့်သည်။

" ငါ ဆိုဂျူတိုက်မယ်ပဲပြောထားတာနော် ။
Beer သောက်တာတောင် လွန်လှပြီ ။
အမြည်းဖိုး မင်းဘာသာရှင်း "

ဂျီမင်က သူ့နှုတ်ခမ်းလုံးလုံးလေးကို နှာခေါင်းထိ
ရောက်အောင်ပင် ထော်ခနဲလုပ်လိုက်ရင်း ၊

" ယွန်းဂီ ရှင်းလိမ့်မယ် "

မိမိဆီသို့ လက်ညိုးလေးတထိုးထိုးနဲ့
လွှဲချနေပါသော ဘဲပေါက်စကြောင့်
ယွန်းဂီ ဆိုဂျူနင်သွားရသည် ။

" ဘာလို့ရှင်းရမှာလဲ ? အရင်ကအကြွေးတောင်
မင်းကျေအောင်ဆပ်ရသေးလို့လား ? "

" ဆပ်မယ်ကွာ ဆပ်ရင်ပြီးရောမဟုတ်လား ။
တငယ်ချင်း အချင်းချင်းကို ဖြစ်ပျက်နေတာ "

ဂျီမင်သည် စကားလေးလုံးကွဲအောင်ပင်
မပြောနိုင်တော့ ။ တရှိန်ရှိန်တက်လာသော
Beerတန်ခိုးကြောင့် သူ့မျက်နှာက ရဲတဲတဲ
ဖြစ်လာခဲ့သည်။

" လမ်းဘေးဆိုင်မှာလည်း လိုက်တိုက်သေးတယ် ။
အမြည်းကျတော့ မကျွေးဘူး။ မင်းလို ကောင်မျိုးကို
တငယ်ချင်း တော်ထားရတာ သိက္ခာကျလိုက်တာ "

ယွန်းဂီရော ၊ ထယ်ယောင်းရော ဟက်ခနဲ
ရယ်မိကြသည် ။

" ဒါနဲ့ ထယ်ယောင်း မင်းတို့အခြေအနေရော "

" အင်း အဆင်ပြေပါတယ် "

" အဆင်ပြေလား အဆင်ပြေရင်
နောက်တစ်ပုလင်းလောက် "

OUR UTOPIA [Completed]Where stories live. Discover now