OUR UTOPIA - 26

7K 864 97
                                    

(Unicode)

ဆေးရုံရှိရက်သတ္တပတ်များက နေထိုင်ရန်
ခက်ခဲလွန်းလှသော်လည်း အစ်ကိုက
ဘေးနားတွင်အချိန်ပြည့်ရှိနေပေးသည်မို့
ဂျုံးဂုမှာ ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့သည်။

ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်၏
ကြင်အင်လက္ခဏာများက အစ်ကို့ထံတွင်
အပြည့် ။ နေမကောင်းသည့်အခါကြင်နာ
ဂရုစိုက်ပြီး မတည့်တာတွေစားချင်ပြန်ရင်လည်း
ဆူပူနားချတတ်သည် ။ သူ တစ်ခါတစ်လေ
စကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်ပစ်တဲ့အခါ
စိတ်ကကောက်သေးသည်။ စိတ်ကသာကောက်
နေတာ ။ လုပ်စရာရှိတာတော့ နှုတ်ခမ်းတဆူဆူနဲ့
လုပ်ပေးလေသည် ။ ညဘက်ရောက်ရင် စာဖတ်ပြ
စေချင်သော်လည်း မပြောတတ်ဘူးဟုဆိုသောကြောင့်
ဂျုံးဂုကသာ ပြန်ဖတ်ပြရင်း အိပ်ရာဝင်သွားရသော
ညများပါပေ ။

အခုလည်း အဝတ်လျှော်စက်ဘေးနားမှာ
ငုတ်တုတ်ကလေး ငိုက်နေသည်။

" အစ်ကို "

" ဟင်... အင်း "

ဂျုံးဂုအဝတ်အစားတွေကို လျှော်ပေးနေရင်းမှ
အိပ်ပျော်သွားပုံရလေသည်။ ယောင်တိယောင်
တောင်အသံကလေးကိုပေးရင်း ဝှါးခနဲဖြင့်
လက်ဆန့်ကာ သန်းနေသည်။

" အိပ်ချင်ရင်လည်းအခန်းထဲသွားအိပ်လိုက်ပါလား။
ကျွန်တော် လှန်းလိုက်မယ်လေ "

" အာ ရတယ် မအိပ်ချင်တော့ဘူး "

ပြောပြောဆိုဆိုဖြင့် ညှစ်ပြီးသားအဝတ်တွေကို
ထုတ်ယူကာ အပြင်သို့ထွက်သွားခဲ့သည်။

နေရောင်ပျပျလေးအောက်မှာ သွက်လက်စွာ
အဝတ်လှန်းနေတဲ့ အစ်ကို့ပုံလေးက သူ့အမြင်မှာ
တစ်မျိုးဆန်းနေသည် ။ ထုံးစံအတိုင်းပင်
တီရှပ်အဖြူလေးနဲ့ လူနှစ်ယောက်လောက်ဝင်လို့
ရသည့် ဘောင်းဘီပွကြီးအား ဆင်မြန်း၍ ။
တစ်ခွန်းတည်းနဲ့ပြောရရင် အစ်ကိုဟာ
သူ့မျက်လုံးထဲ သိပ်ချစ်ဖို့ကောင်းနေသည်။

အဝတ်တွေဘာတွေလည်းသိပ်လှန်းတတ်ပုံမရပေ။
တတ်သလောက်မှတ်သလောက် ကြိုးစားပြီး
လုပ်နေတဲ့ပုံမျိုး ။

တန်းခပ်မြင့်မြင့်များကို မမှီမကန်းနဲ့ အဝတ်လှန်း
နေသောထယ်ယောင်းဘေးသို့ ဂျုံးဂုက
ခပ်သွက်သွက်သွားကာ ကူလှမ်းပေးလိုက်သည် ။

OUR UTOPIA [Completed]Where stories live. Discover now