OUR UTOPIA - 12

8.4K 1K 66
                                    

(Unicode)

Tissueစများစွာက ခုံပေါ်တွင် ပွစာကျဲလျက်။
တော်တော်နဲ့ငိုလို့မပြီးသေးသော ထယ်ယောင်းကို
ဂျုံးဂုမှာ ထိုင်ကြည့်နေရုံသာ။
ဖက်ပြန်ရင်လည်းတွန်းလွှတ်သည် ။
ချော့ပြန်ရင်လည်း အော်လွှတ်သည် ။
သူလည်းဒီ့ထက်မလုပ်တတ်တော့ ။
ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာသာ
တေမိမင်းသားလုပ်နေမိသည်။
လက်ထဲတွင်တော့ tissue boxကြီး
ကိုင်ကာဖြင့် အဆင်သင့် ။

နှာသီးရဲရဲလေးနဲ့ တရှုံ့ရှုံ့လုပ်နေသော
ကျားပေါက်စကတော့ စာပြဖို့ လာသည်ကိုပင်
မေ့သွားဟန်တူသည် ။ မူကြိုအပို့ခံရသော
ကလေးပိစိပမာ ငိုလိုက် ၊ tissue
တောင်းလိုက်နဲ့ ။

" ပေးဦး tissue "

နှပ်ချီးကိုရှုးခနဲရှုံ့ရင်း လက်ဖြန့်တောင်းသည့်အခါ
ဂျုံးဂုမှာ မရယ်မိအောင် နှုတ်ခမ်းစိရင်းပင်
အလိုက်တသိထည့်ပေးလိုက်၏။

" မရသေးဘူး ပေးဦး အီးဟီးးး ။
ဒီမျက်ရည်တွေကလည်း ဘာမှန်းလည်းမသိဘူး
ဟီးးရွှတ် "

" မရှိတော့ဘူး ။ ကုန်ပြီ "

Tissue ဘူးကို မှောက်လျက်၊ပက်လျက်၊
ဘေးတိုက် ၊ တစောင်း ....ပုံစံမျိုးစုံဖြင့်
ဂျုံးဂုပြလိုက်သည်။ မျက်နှာလေးကို ရှုံ့မဲ့ရင်း
ထယ်ယောင်းက အိခနဲ တစ်ချက်ရှိုက်ပြီးနောက်

" နှပ်ချီး ညှစ်ချင်နေပါပြီဆို "

အခုတော့ဖြင့် tissue မရှိသည့်
အကြောင်းပြချက်ရသွား၍လားမသိ ၊
မျက်ရည်က အော်တိုမစ်တစ်
ကျလာပြန်သည်။

ဂျုံးဂုသည် ထိုင်ခုံပေါ်မှ ထကာ ၊
မိမိအိပ်ရာစောင်းတွင် ခြေထောက်တွဲလောင်း
ချ၍ ထိုင်ငိုနေသော ထယ်ယောင်းရှေ့တွင်
မတ်တပ်ရပ်လိုက်သည်။ ထယ်ယောင်း၏
မျက်နှာနှင့် ဂျုံးဂု၏ဗိုက်သားနားက ကွက်တိ။

" ညှစ်ရင်ညှစ်လိုက် ။ ပြီးမှ လျော်လိုက်မယ် ။ "

" မင်းအင်္ကျီကြီးနဲ့လား "

အံမယ် သူက ရွံစရာကြီးဆိုတဲ့အထာနဲ့တောင်
မျက်လုံးပင့်ကြည့်လိုက်သေး ။ ဒီကြီးကြီး
ကျယ်ကျယ်ဖြစ်နေတဲ့ အူကြောင်ကြားလေးကို
ဘယ်လိုလုပ်ရပါ့ ။

OUR UTOPIA [Completed]Where stories live. Discover now