OUR UTOPIA - 21

7.7K 887 71
                                    

(Unicode)

ခြံပတ်ပတ်လည်တွင် ပေါက်ရောက်လျက်ရှိသော
ပန်းရိုင်းများကို ထယ်ယောင်းက ရေလောင်း
ပေါင်းသင်နေခဲ့သည်။ လက်အိတ်ကိုစွတ်၍
ဦးထုပ်အပြန့်ကိုဆောင်းကာ ဘောင်းဘီပွကြီး
တကားကားဖြင့် အလုပ်ရှုပ်လျက်ရှိသည်။
အပွင့်ရိုက်ဆင်အင်္ကျီမှာလည်း ကမ်းခြေ
ဖက်ရှင်နှင့်ပင်ဆင်တူနေသေး၏။

တစ်ကိုယ်လုံးကို ခြုံငုံကြည့်ရပါမူ
မျက်စိထဲအတော့်ကို ကိုးလိုးကန့်လန့်
နိုင်လှသော ဝတ်စားဆင်ယင်ပုံဖြစ်သည်။
သို့သော်ဘာဝတ်ဝတ် ကြည့်ကောင်းနေသော
ထယ်ယောင်းအဖို့တော့ လယ်သမား
ပေါက်စလေးပမာ ချစ်ဖို့ကောင်းနေသေးသည်။

နဖူးတွင်စို့လာသော ချွေးစများအား
လက်ခုံနဲ့တို့ကာ သုတ်လိုက်ရင်း
ပေါင်းပင်များကို  မမောနိုင်မပန်းနိုင်
ဆက်ရှင်းနေဆဲ ။ ချွေးထွက်လာတော့
ကိုယ်လက်မအီမသာဖြစ်တာက သက်သာ
သွားသည်။ထို့အပြင် ကိုယ်ဝါသနာပါရာ
တစ်ခုဖြစ်သော အပင်လေးများကို ပြုစု
စိုက်ပျိုးနေရခြင်းက စိတ်ကိုအတော်လေး
လန်းလန်းဆန်းဆန်းရှိလာစေသည်။

" Cola ဘယ်သူသောက်မလဲခင်ဗျ "

ကားတံခါးပိတ်သံနဲ့အတူ ရွှင်မြူးစွာ
ရောက်ရှိလာသောဂျုံးဂု၏အသံ ။

ထယ်ယောင်းက လက်ကိုမိုးပေါ်သို့
ဆတ်ခနဲထောင်ကာ လေးထောင့်ဆန်ဆန်
နှုတ်ခမ်းလေးတွေနဲ့ ရယ်ပြုံးပြလာသည်။
အေးချမ်းသောထိုအပြုံးလေးတစ်ပွင့်က
ဂျုံးဂုရင်၌သာသော လမင်းလေးတစ်စင်း။

ချွေးတွေနဲ့ ရွှဲနေတဲ့ မျက်နှာလေးကို
ပင့်မပြီး tissueဖြင့်သုတ်ပေးသည့်အခါ
မျက်လုံးလေးမှိတ်ပြီး ငြိမ်နေသည်။

ထို့နောက် လက်အိတ်ကိုချွတ်၍ Colaကို
တစ်ဝက်လောက်သောက်ပြီးတော့မှ
ရပ်သည် ။ ပါးစပ်ကလေးကို
ဟားခနဲဟ၍ အမောပြေသွားပြီဆိုသော
ပုံလေးနဲ့ ဂျုံးဂုကိုကြည့်သည်။

" မမောသေးဘူးလားဗျာ "

" မမောပါဘူး ပျော်တောင်ပျော်သေး ။
ဒီမှာအရမ်းနေလို့ကောင်းတယ် ။
ရာသီဥတုလည်းသာယာတယ် ။ လူလည်း
မရှုပ်ဘူး ။ အေးချမ်းနေတာပဲ ။ အာ
ပြီးတော့ ပြီးတော့ ပန်းကလေးတွေကလည်း
အရမ်းလှတယ် ။ "

OUR UTOPIA [Completed]Where stories live. Discover now