OUR UTOPIA - 17

7.4K 962 109
                                    

(Unicode)

ဘယ်ကနေဘယ်လိုရောက်ချလာမှန်း
မသိသောတဲလီကြောင့် ဂျုံးဂုနဲ့
အမြန်လူချင်းခွာလိုက်မိသည်။

နှုတ်ခမ်းလေးကို မလုံမလဲသုတ်လိုက်ရင်း

" ဘာလဲ ပြော "

" မင်းအဘိုးခိုင်းလိုက်လို့လာတာ ။
မျက်နှာက ဆူပုတ်မနေနဲ့ ။ ဘာမှ
ပြန်မပြောဘူး စိတ်ချ "

ထယ်ယောင်းပိုရှက်သွားပြီး ဂျုံးဂုကို
ခိုးကြည့်လိုက်မိသည်။ 

" ရွာထဲက ဂင်မ်ချီစိမ်တဲ့ အဒေါ်ကြီးအိမ်က
ဂင်မ်ချီအိုးသေးတစ်အိုး သယ်ခဲ့တဲ့ ။
ပိုက်ဆံပေးပြီးသားလို့တော့ ပြောတယ်။ "

" သိပြီ ။ ဒါနဲ့ မင်းက ဘယ်လဲ ? "

" နှမ်းခင်းမှာ ပိုးကျလို့ အခြေအနေ
သွားကြည့်ရဦးမယ် ။ "

" သြော် အင်း အင်း တာ့တာ ။
နောက်မကျဘူးဆိုရင် အိမ်ကို ထမင်း
ဝင်လာစားဦးနော် "

တဲလီက ခေါင်းငြိမ့်ပြလိုက်တယ်။

ထယ်ယောင်းက လက်ကလေးကို ဝိုက်ကာ
ဝိုက်ကာနဲ့ တာ့တာပြလို့ မပြီးသေး။

" ဘယ်သူလဲ အဲ့တာ "

" တဲလီလေ ရွာကသူငယ်ချင်း ။
စိုက်ပျိုးရေးနဲ့ဘွဲ့ရပြီးတော့ ဘိုးနဲ့ဘွား
ဆီမှာပဲ အလုပ်ဝင်ပြီးကူညီနေတာ ။ "

" တော်တော် ရင်းနှီးတယ်ထင်တယ် "

" ရင်းနှီးတာပေါ့ ။ ငယ်ငယ်တည်းက
ခင်လာကြတာပဲဟာကို ။ အရမ်းခင်လို့
ကောင်းတယ် ။ သဘောလည်းကောင်းတယ်။
စိတ်လည်းရှည်တယ် တဲလီက "

" သြော် "

ထိုတစ်လုံးကိုသာ ရေရွတ်ပြီး
မျက်နှာတည်ကြီးနဲ့ ဆက်မမေးတော့တဲ့
ဂျုံးဂု ။ ထယ်ယောင်းက လမ်းလျှောက်
နေရင်းနဲ့ပင် ဂျုံးဂုပုခုံးကို ဝင်တိုက်ကာ
စကားစမျှော်မိသော်လည်း ငြိမ်နေသော
ဂျုံးဂုကြောင့် စိတ်ထဲသိပ်မကောင်း။

* ဒီမှာ နေရတာ မပျော်လို့များလား ...

" ဂျုံးဂု ဘာ ဖြစ် နေ တာ လဲ "

" ဘာမှမဖြစ်ပါဘူး "

မျက်ခုံးတွေကိုသာ ပင့်တင့်ရင်း ဂျုံးဂုက
ဘေးဘီသို့ လျှောက်ကြည့်နေခဲ့သည်။

OUR UTOPIA [Completed]Where stories live. Discover now