OUR UTOPIA - 11

8.9K 1.1K 87
                                    

(Unicode)

မိဘနှစ်ပါးလုံး နယ်မြို့လေးရှိအဘိုးအဘွားတို့
အိမ်သို့ ခဏသွားလည်ခိုက်တွင် ထယ်ယောင်း
တစ်ယောက်လွတ်လပ်ရေးရလျက်ရှိသည်။

တိုက်ခန်းအောက်သို့ မြန်မြန်ပြေးဆင်းခဲ့မိ၍
ခလုတ်တိုက်သွားသော်လည်း ထယ်ယောင်း
မျက်နှာက ခဏတာရှုံ့မဲ့သွားပြီးနောက်
ပြုံးစိစိပြန်ဖြစ်လာပြန်သည်။ တိုက်ခန်းမျက်နှာစာတွင်
ကာရံထားသော ခပ်ဝါးဝါးမှန်ပေါ်တွင် မိမိ
ကိုယ်ကို ထယ်ယောင်းပြန်ကြည့်လိုက်သည်။

အပြစ်ကင်းသော ကြွေရုပ်သဖွယ်မျက်နှာလေး၊
ကိုယ်ဟန်အနေအထား ၊ အလုပ်ကြိုးစားမှု့နှင့်
စိတ်ထားလှလှလေး။
ကဲ ဘယ်လောက်တောင်ပြည့်စုံလိုက်တဲ့
ကောင်လေးလဲ။
မိမိကို ပိုင်ဆိုင်ထားသောဂျုံးဂုသည်လည်း
အလွန်တရာမှကံကောင်းသောယောကျာ်းပင်
ဖြစ်လိမ့်မည်။

* ဂျုံးဂုရာ မင်းတော်တော်ဂုဏ်ယူသင့်တာပါ...

မှန်ထဲတွင် မျက်နှာပုံစံအမျိုးမျိုးဖြင့် သပြီးသောအခါ
သူ လျှာထုတ်လိုက်သည်။ ထို့နောက်လက်ခုံကို
လျှာဖျားလေးနဲ့ဖွဖွတို့ပါ၏။ နားရွက်ပေါ်ရှိ
ဆံပင်တို့ကို ထိုလက်ဖြင့် နှစ်ချက်လောက်
သပ်ချလိုက်သည်။ အိုကေ ...လုံးဝ perfect။

အသူရာနေမင်းသည် အိပ်တန်းတက်ရန်
ဆိုင်းပြင်းလျက်ရှိသည် ။ ပတ်ဝန်းကျင်
တစ်လျောက်တွင် ဝေ့ဝဲနေသော လေနုအေး
တို့က သဘာဝတရားရဲ့ရင်သွေးငယ်များသဖွယ်
ကူးလူးတိုက်ခတ်နေကြသည်။ ဓာတ်တိုင်ကြီးငယ်
အသွယ်သွယ်ပေါ်တွင် ခေတ္တခိုနားနေကြသော
ခိုတစ်အုပ်သည် ဟိုမှသည်မှရွေ့လျားနေကြပြန်၏။

အရှေ့နားဆိုရင်ဖြင့် ဂျုံးဂုတို့အိမ်ရှိရာလမ်း။
ထယ်ယောင်းသည် လက်များကိုဘယ်ညာလွှဲ၍
ခပ်သွက်သွက်လေး ခရီးနှင်တော့သည်။

" ဒါက ဘယ်လဲ... အချစ်"

ထယ်ယောင်းသည် ကြက်သီးထဖွယ်စကားအား
ကြားလိုက်ရပြီးပြီးချင်းပင် မိမိလက်ကိုလည်း
တစ်စုံတစ်ဦးက ဆောင့်ဆွဲလိုက်ပြီဖြစ်ကြောင်း
သိလိုက်ရသည်။ ထို့နောက် ဝုန်းခနဲသော
ကားတံခါးပိတ်သံ ။ ထယ်ယောင်းသည်
ကားတံခါးအား လန့်ဖြတ်ကာ အတင်း
ဖွင့်မိသော်လည်း အရာမထင် ။

OUR UTOPIA [Completed]Where stories live. Discover now