OUR UTOPIA -20

8.5K 916 114
                                    

(Unicode)

အနွေးဓာတ်တစ်ခုက မိမိတစ်ကိုယ်လုံးသို့
လွှမ်းခြုံထားကြောင်း ထယ်ယောင်းခံစားမိသည်။
အသက်ရှုသံမှန်မှန်က မိမိ၏ဆံပင်ဖျားများထံ
တိုးခတ်သွားကြောင်းလည်း ထယ်ယောင်းသိသည်။
အိပ်ပျော်တစ်ဝက် ၊ မပျော်တစ်ဝက်နဲ့မို့
ထယ်ယောင်းခေါင်းတစ်ခုလုံး ရီဝေနောက်ကျိ
နေသော်လည်း နှုတ်ခမ်းထက်ရှိရှက်ပြုံးသေးသေး
လေးက လိုက်ကာကြားမှ နေအလင်းလဲ့လဲ့ကလေး
ပမာထွက်ပေါ်လာခဲ့သည်။

ခါးကိုသိုင်းဖက်ထားသော ဂျုံးဂု၏
လက်များအား ထယ်ယောင်းဖွဖွလေး
ဖယ်ပြီး ထရန်ပြင်လိုက်တော့ မျက်ရည်ဝဲ
သွားရသည်။ တစ်ညလုံးသောင်းကျန်းထား
သော ကိုယ်တော်လေးကို လက်သီးနဲ့ရွယ်ရင်း
အံကြိတ်ပြမိသည်။ တွေးရင်းတွေးရင်းနဲ့ပင်
ထယ်ယောင်းနှုတ်ခမ်းလေးက မဲ့လာကာ
ပြိုတော့မည့်မိုးနှယ် ။ ဗိုက်ကိုဖိရင်း
အိပ်ရာပေါ်သို့ ကွေးကွေးလေး
ပြန်လှဲချလိုက်ကာ သူငြိမ်နေမိတော့ ၊
တလှုပ်လှုပ်ဖြစ်လာသော ဂျုံးဂုကိုတွေ့လိုက်ရသည်။

မျက်နှာချင်းမဆိုင်ရဲသောကြောင့်
မွေ့ရာပေါ်သို့သာ ချက်ချင်းမျက်နှာအပ်
လိုက်မိသည်။ ထိုစဉ် မိမိတင်ပါးဆီ
တိုးဝှေ့လာသော လေငွေ့ငွေ့ကြောင့်
ထယ်ယောင်းမျက်ခုံးတွေ အပေါ်ပင့်သွားရသည်။

ခေါင်းထောင်ပြီးကြည့်မိသည့်အခါ
ဘောင်းဘီသားရေကြိုးစကို လက်နဲ့ဆွဲဟပြီး
စူးစမ်းနေတဲ့ ဂျုံးဂု ။

" အမေရေ "

ထယ်ယောင်းမှာ ငိုသံပါကြီးနဲ့တရင်း ၊
ဂျုံးဂုကို မျက်ရည်အဝိုင်းသားကြားမှ
အံ့သြစွာကြည့်နေရှာတော့သည်။

" ညကဆေးလိမ်းပေးထားပါတယ် ။
မသက်သာဘူးလားဟင် မှန်း "

အတတ်နိုင်ဆုံးတော့ ညင်သာခဲ့ပေမယ့်
အစ်ကိုဘယ်လောက်တောင်ကြောက်ရွံ့ပြီး
လက်ခံခဲ့ရတယ်ဆိုတာကို သူနားလည်သည်။

ပင်ပင်ပန်းပန်းနဲ့အိပ်ပျော်သွားသော
အစ်ကို့ကို တစ်ကိုယ်လုံးသန့်စင်၍
ဆေးလိမ်းပေး ၊ နွေးနွေးထွေးထွေး
ဝတ်ပေး ၊ စောင်ခြုံပေးနဲ့ ဂရုတစိုက်
လုပ်ပေးဖြစ်သည်။

OUR UTOPIA [Completed]Where stories live. Discover now