OUR UTOPIA - 25

6.7K 844 66
                                    

(Unicode)

Club တွင်တွေ့ရန်ချိန်းသော ထယ်ဆူကြောင့်
ဒေါသမီးက ပေါက်ထွက်မတတ် ။ သို့သော်
ဒီကိစ္စက ပေါ့သေးသေးမဟုတ်၍ နေရာဒေသကို
ထယ်ယောင်းဂရုစိုက်မနေနိုင်တော့ပေ ။

ထယ်ယောင်းဝင်လာတာနဲ့ နေရာပြပေးမည့်
သူကအသင့် ။ ထယ်ဆူ၏အာဏာက
အထင်သေး၍မရကြောင်း သူပိုပြီး
သဘောပေါက်ခဲ့ရသည်။

ရင်ဘတ်ကိုဟ၍ ဆိုဖာပေါ်ခေါင်းတင်ရင်း
သူ့အားလှမ်းကြည့်နေသော ထယ်ဆူ ။
ဆံပင်နက်နက်တွေကို သပ်ရပ်စွာထောင်ထားပြီး
ကြည့်ကောင်းသောယောကျာ်းတစ်ဦးပင်
ဖြစ်ပါသည် ။ အပြင်ပန်းလှပေမယ့် အဆိပ်ရှိသော
မြွေတစ်ကောင်လိုပင် ထယ်ဆူက ဟန်ဆောင်
ကောင်းလွန်းလှသည်။

" ယောင်း လာလေ "

သွားစွယ်တွေပေါ်အောင်ပင် ပြုံးပြရင်း
ထယ်ယောင်းကို တရိုတသေခေါ်၏။

ထယ်ဆူ၏လက်တစ်ချက်အခါမှာ
ဘေးပတ်လည်ရှိ မဒီကညာတို့က
အလိုက်သိစွာ ဖယ်ရှဲသွားကြသည်။
ထယ်ဆူ၏မချိုမချဉ်မျက်နှာပေးမှာလည်း
ထယ်ယောင်းကိုမြင်သည်နှင့် အလေးအနက်
ထားသောပုံမျိုးချက်ချင်းပေါက်သွားခဲ့သည်။

" လာမယ်လို့တောင်ထင်မထားဘူး "

ထယ်ယောင်းသည် ဦးထုပ်ကို စိတ်ရှုပ်စွာ
ဆွဲချွတ်ပစ်ရင်း ဆံပင်တို့ကိုခါပါ၏။
ထိုပုံစံကိုပင် ထယ်ဆူက တငေးတမောနဲ့
ကြည့်နေပြန်သေးသည်။

" ငါ့ကို မင်းဘာဖြစ်လို့ ဒီလိုတွေ
လိုက်လုပ်နေတာလဲဟင် ထယ်ဆူ "

" ချစ်လို့ပေါ့ ယောင်းရာ "

" မင်း ပါးစပ်ကိုပိတ်ထား ။ နောက်တစ်ခါ
ဂျုံးဂုကို ထိလို့ကတော့ မင်းကိုသတ်ပစ်မယ် "

" ဟ ဟ ဟား .... ယောင်းသတ်ရင် ကိုယ်က
သေရဲတာပေါ့ ။ ကျေကျေနပ်နပ်ကြီးကို
အသေခံပေးဦးမှာ "

ထယ်ဆူက သူ့ရင်ဘတ်ကို ထယ်ယောင်းရှေ့သို့
ထိုးပေးရင်း ၊ အသေခံရဲတယ်ဟူသော အမူအရာနဲ့
ခြောက်ကပ်စွာရယ်သည်။

" ဒါပေမယ့်  အဲ့ဒီ့ဂျုံးဂုဆိုတဲ့ကောင်ကိုလည်း
ကိုယ်သတ်ရဲတယ်ဆိုတာ ယောင်း သိထားဦး ။ "

OUR UTOPIA [Completed]Where stories live. Discover now