OUR UTOPIA - 33

7.2K 800 106
                                    

(Unicode)

" လူနာကသွေးထွက်လွန်နေတယ် "

" မြန်မြန်"

" လမ်းဖယ်ပေးကြပါ ကျေးဇူးပြုပြီး "

အသံတွေက ဂျုံးဂုနားထဲမှာ ဝေးသွားလိုက်
နီးလာလိုက်နဲ့  ။

ခွေကျတော့မတတ်ခြေထောက်တွေက
ယိုင်နဲ့လျက်ရှိပြီး ခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားတဲ့
လက်ကလေးကိုလွှတ်ပေးလိုက်ရချိန်မှာ
ဂျုံးဂုတစ်ကိုယ်လုံး ဆေးရုံကြမ်းပြင်ပေါ်
အရုပ်ကြိုးပြတ်ထိုင်ကျသွားခဲ့သည် ။

" ဘာမှဖြစ်လောက်မှာမဟုတ်ပါဘူး ဂျုံးဂုရာ "

" ထယ်ယောင်းက ငါတို့ထင်ထားတာထက်
သတ္တိရှိလို့ စိတ်မပူနဲ့နော် ယုံကြည်ကြရအောင်
ထယ်ယောင်းကိုပဲ  "

နှစ်သိမ့်စကားတွေ ဂျုံးဂုနားထဲမဝင် ။
ဗလောင်ဆူနေတဲ့ရင်တွေနဲ့သာ သူ
အသက်ငင်နေမိသည် ။

ဘာလို့များ အစ်ကို့တစ်ယောက်တည်းကို
ထားပစ်ခဲ့ဖို့ သူစိတ်ကူးမိရတာပါလိမ့် ?
ဘာလို့များ အထပ်ထပ်အခါခါခေါ်ဆိုခဲ့တဲ့
ဖုန်းcallလေးကို သတိမမူမိရတာပါလိမ့်?
ဘာလို့များ ဒီနာကျင်စရာဝေဒနာတွေနဲ့ပဲ
အစ်ကို့ကို ဒုက္ခပေးမိရတာပါလိမ့် ?

နံရံကိုလက်သီးနဲ့ ကြိတ်မနိုင်ခဲမရထုမိတော့
ယွန်းဂီရော ဂျီမင်ရောက သူ့လက်အား
ဆွဲ၍တားသည် ။

" ဂျုံးဂု "

" ကျွန်တော့်ကြောင့် ကျွန်တော့်ကြောင့် "

ကြေကွဲစွာထွက်ပေါ်လာတဲ့ အက်ရှရှလေသံဖျော့
နဲ့အတူ ဂျုံးဂုပါးပြင်ပေါ် မျက်ရည်တွေပြိုကျလာတယ်။

"အစ်ကို မရှိလို့မဖြစ်ဘူးဗျ ကျွန်တော် "

" သိတယ် ငါတို့သိတယ် အခုကလည်း
မိုးရေထဲမှာ အချိန်ကြာသွားလို့ သွေးထွက်လွန် "

ဂျုံးဂုသည် နီရဲနေတဲ့မျက်လုံးတွေနဲ့ ယွန်းဂီအား
တွေတွေကြီးကြည့်ကာ ခေါင်းကိုလေးလေးပင်ပင်
ငြိမ့်ပြလာသည် ။ တကယ့်ကို နောင်တများ
မချိမဆန့်ပြည့်နှက်နေတဲ့ ဂျုံးဂုအကြည့်တွေ ။

" ကျွန်တော် ထား ခဲ့ မိ လို့ လေ....  "

" မဟုတ်ဘူး ဂျုံးဂု ငါပြောတာကအဲ့ဒီသဘော "

OUR UTOPIA [Completed]Where stories live. Discover now