OUR UTOPIA - 29

7.1K 810 82
                                    

(Unicode)

အခန်းနံရံကို ကျောရိုးမဲ့သတ္တဝါတစ်ကောင်လို
ထယ်ဆူက မှီတွယ်လျက်ရှိသည် ။ သူ့လက်တွေကမူ
ကြမ်းပြင်ကို ကုတ်ခြစ်နေခဲ့သည် ။ ထို့နောက်
တစ်မျက်နှာလုံးကို ပွတ်သပ်နေပြန်ကာ
ဂဏှာမငြိမ်သော အကြည့်တွေက စားပွဲခုံ
အံဆွဲဆီသို့ ရောက်ရှိသွားခဲ့သည် ။

အပြင်၌ ဆေးသုံးစွဲရန်ပင် သူမစောင့်နိုင်တော့ပေ။

" သား ရေမိုးချိုးပြီးရင် သွားရအောင်လေ "

" သား နေ မကောင်းလို့ မလိုက်တော့ဘူးမေမေ "

" ဘာဖြစ်တာလဲ သားလေး ။ တံခါးဖွင့်ပါဦး ။ "

" ရတယ် မေမေရဲ့ ။ သား ခေါင်းနည်းနည်း
ကိုက်နေလို့ပါ ။ သား မလာနိုင်ဘူးဆိုတဲ့
အကြောင်းလည်းသေချာလေးပြောပေးခဲ့ဦးနော် "

" ဖြစ်လို့လားကွယ် သားတစ်ယောက်တည်း "

" ဖြစ်ပါတယ် မေမေကလည်း "

အိမ်ကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွေ့ခြောက်
သွားခဲ့သည် ။ ထိုအခါ ထယ်ဆူပိုပိုပြီး ကြောက်လန့်
လာရသည်။ ပုံရိပ်ယောင်တွေက သူ့အာရုံကို
လှည့်စားနေလျက်ရှိသည် ။

လူလိမ္မာတစ်ယောက်၏ဆိုးမိုက်ခြင်းသည်ကား
အဆုံးမဲ့သည်ဟု ဆိုရမည်လားမသိ ။ ထယ်ဆူသည်
မောက်မာထောင်လွှားပြီး လိုချင်တာအရယူတတ်
သော်လည်း ပညာတတ်တစ်ယောက်ဖြစ်သည်။

နိုင်ငံခြားရပ်ခြားတိုင်အောင်ပင် ပညာရေးကို
ဆည်းပူးခဲ့သော်လည်း  အပေါင်းအသင်းမှားခဲ့ရသည်။
မှားမှန်းသိသော်လည်း ပြင်မရခဲ့ ။ ဆေးစွဲခြင်းသည်
သူ့တစ်ဘဝလုံးကို ယခုလောက်အထိ သွက်သွက်ခါ
စေမည်မှန်းအစတည်းကသာ ဆင်ခြင်ပြီး အတတ်
မစမ်းမိပါက ၊ အခုအချိန်မှာ မိဘတွေအတွက်
အားထားစရာ သားကောင်းရတနာသေချာပေါက်
ဖြစ်လာနိုင်လေသည်။

ယခုတော့ အရာအားလုံးသည် နောက်ကျခဲ့ရလေပြီ။
ဒီလုပ်ရပ်တွေကိုသာ မိဘတွေနဲ့တိုင်ပင်ပြီး ၊
အစောကြီးကတည်းက ဖြတ်တောက်ခဲ့ပါက
အခုလို သူ နာကျင်ပူဆွေးနေရမည်မဟုတ် ။
အများအမြင်မှာ သိပ်အရာသွင်းခြင်းခံခဲ့ရသူမို့
ဖွင့်ပြောဖို့ကိုလည်း သူသေလောက်အောင်
ရှက်မိလေသည်။

OUR UTOPIA [Completed]Where stories live. Discover now