OUR UTOPIA - 14

7.6K 1K 92
                                    

(Unicode)

ဆေးရုံကုတင်ထက်တွင် ငြိမ်သက်စွာ
လှဲလျောင်းနေသော ထယ်ယောင်းကို
ယွန်းဂီ စုတ်တသတ်သတ်နဲ့ကြည့်နေ
မိသည်။ ဘယ်လိုလူတွေကများ ဒီလို
စက်ဆုပ်ဖွယ်ရာလုပ်ရပ်မျိုးကို
လုပ်ရက်ကြတာလဲ ? ဒီလောက်အနေအေးပြီး
ဘယ်သူနဲ့မှ စကားအကျယ်တဝင့်တောင်
မပြောဖူးသော ထယ်ယောင်းကို ..?

လူအမျိုးမျိုးစိတ်အထွေထွေပဲမို့ ၊
တကယ်ပဲခန့်မှန်းရခက်လှပါသည်။

" ထယ်ယောင်းသတိရလာရင်ကျွေးဖို့
ဆန်ပြုတ်သွားဝယ်လိုက်ဦးမယ် "

"  အင်း ဝယ်လေ ငါစောင့်နေလိုက်မယ် "

ဂျီမင်က သုတ်သုတ် သုတ်သုတ်နဲ့
ထွက်သွားရှာသည်။ ရှိသမျှအလုပ်တွေ
အကုန်ပစ်ပြီး သူတို့နှစ်ယောက်လုံး
လူနာစောင့်လုပ်နေကြသည်မှာ မိုးလင်း
ကတည်းကပင် ။ ဂျုံးဂုကတော့
အားနာနေသော မျက်နှာလေးနဲ့
ကူညီပေးပါဦးဆိုပြီး ကျောင်းသို့
နောက်ဆံတငင်ငင်နဲ့ သွားခဲ့သည် ။
စိတ်ချပါကွာ ဟုအားပေးသော်လည်း
ဂျုံးဂုပုံက မယုံမရဲသာ။ စာမေးပွဲကို
ဘယ်လိုစိတ်နဲ့များ ဖြေနေသည်မသိ ။

ယွန်းဂီတစ်ယောက် ဟိုတွေးဒီတွေးနဲ့
လက်သည်းကိုက်နေတုန်းမှာပဲ

" ဟို လူနာရှင်လား မသိဘူး "

" ဟုတ်ပါတယ် "

" ခဏလောက်လိုက်ခဲ့ပေးပါနော် ။
ဆရာဝန်ကြီးနဲ့ ဆွေးနွေးစရာလေး
နည်းနည်းရှိလို့ပါ "

ယွန်းဂီ တစ်ချက်ငိုင်ခနဲဖြစ်သွားသည်။

" ဟုတ်ကဲ့ ကျွန်တော် အခုပဲလာခဲ့ပါ့မယ်"

ထယ်ယောင်း၏ ရင်ဘတ်ပေါ်သို့ စောင်လေးကို
လုံနေအောင်ဆွဲခြုံပေးပြီး ယွန်းဂီ လိုက်သွား
လိုက်သည်။

*********

ကျောပိုးအိတ်ကို လွယ်ရင်း ဆံပင်တွေ
ဖရိုဖရဲနဲ့ ဆေးရုံထဲသို့ အလောတကြီး
ပြေးဝင်လာသော ကောင်လေး ။

ဘယ်ဘက်ပုခုံးပေါ်မှ လွယ်အိတ်ကြိုးက
လျောကျနေသော်လည်း ပြန်တင်ဖို့
မစဉ်းစားနိုင်သေး ။ ခြေလှမ်းကျဲတွေနဲ့
တစ်နေရာဆီသို့သာ ဦးတည်သွားနေလေ၏။

OUR UTOPIA [Completed]Where stories live. Discover now