(Unicode)
ဂျုံးဂုဘက်မှ ထယ်ယောင်းအား သေသေချာချာ
ဖွင့်ပြောပြီးသော်လည်း ထယ်ယောင်းကမူ
ရေရေရာရာအဖြေတစ်စုံတစ်ရာ မပေးခဲ့သေးပေ။
မိတ်ဆွေမက၊ရည်းစားမကျသောအခြေအနေ
တစ်ခုကို ဂျုံးဂုကလည်း စောဒကမတက်ဘဲ
စောင့်နေပေးမြဲ ။သူ တစ်ခါတစ်ခါတော့ အစ်ကို့ကို
အသည်းယားမိပါသည်။
စကားတွေပြောချင်ရင်နှုတ်ခမ်းကြီး
တထော်ထော်နဲ့ပြောနေတတ်ပြီး ၊
ထိုအချိန်တွေဆိုလျှင် အစ်ကို့ပုံက
လွတ်လပ်ပေါ့ပါးနေတတ်သည်။
သူ့ကိုလည်းရယ်ရယ်မောမော ဆက်ဆံတတ်သည်။
သို့သော် တစ်ခါတစ်လေများဆိုလျှင် နှုတ်ခမ်းကို
ခပ်တင်းတင်းစေ့ထားပြီး သူ့ကိုမျက်လုံးချင်းဆုံ
အောင်တောင်မကြည့်။ ထိုအချိန်တွေက များသော
အားဖြင့် အစ်ကို့ကို သူ သတိလက်လွတ်ငေးကြည့်
နေမိချိန်မျိုးတွေ ၊ တစ်ခုခုကိုတောင်းဆိုမိချိန်
မျိုးတွေ ၊ ဒါမှမဟုတ် အစ်ကိုမကြိုက်တာတစ်ခုခု
သူ လုပ်မိတဲ့အခါမျိုးတွေမှာဖြစ်သည်။အချစ်တစ်ခုအရင်းတည်လို့ သည်းခံရသည်မှာ
လွယ်သောအလုပ်မဟုတ်သော်လည်း ဂျုံးဂုသည်
ထယ်ယောင်းအတွက်ရှိသမျှအစွယ်ကိုချိုးထား
ခဲ့ပြီးဖြစ်သည်။ အစ်ကို့အပြုအမှုတွေက သူ့အား
နာကျင်စေသည်ဆိုလျှင်တောင် ထိုဒဏ်ရာသည်
သူ့အဖို့ အစ်ကိုစွန့်ကျဲသောအမှတ်အသားများ
သာလျှင်။အများကြီးစောင့်လာပြီးပြီမို့ ၊
အများကြီးချစ်ရသည်မို့ ၊
အရာရာသည်မြတ်နိုးခြင်းအတိဖြင့်သာ
ပြီးပြည့်စုံနေခဲ့ပါသည်။ဂျုံးဂုသည် ကိုယ့်အတွေးနဲ့ကိုယ်ပြုံးရင်း ၊
ဘတ်စ်ကားမှတ်တိုင်သို့ တစ်စတစ်စနီးကပ်
လာသော လူအများကြားထဲတွင် ထယ်ယောင်း
ကိုရှာဖွေနေမိသည်။ ထယ်ယောင်းတို့အိမ်ရှေ့
လမ်းထိပ်ရှိမှတ်တိုင်သို့ ထယ်ယောင်းရုံးမသွားခင်
အမှီ လာစောင့်နေဖို့ဆိုတာ မခက်ခဲလှသော်လည်း
လွယ်ကူနေသည်တော့မဟုတ်။ မိုးမလင်းခင်
ထရသည်။ ကျောင်းစာအုပ်တွေတစ်ခါတည်း
ထည့်ထားရသည်။ ရေမိုးချိုးရုံနဲ့မပြီးသေး။
ထယ်ယောင်း အပြတ်အသတ်ကြွေသွားဖို့
အရေး မှန်ရှေ့မှာ အရှေ့လှည့်လိုက်၊အနောက်
လှည့်လိုက် ၊ အင်္ကျီရွေးလိုက် ၊ ဒိုက်ထိုးလိုက်၊
ဘားတန်းခိုလိုက်ဖြင့် သူ့မနက်ခင်းအစက
ချွေးတလုံးလုံးနဲ့သာ ကုန်ဆုံးသွားလေ့ရှိသည်။