(Unicode)
" အစ်ကို မောနင်း "
ရေအကျအနချိုးပြီးခါစ နှုတ်ခမ်းများက
ထယ်ယောင်းပါးပေါ်သို့ အမြတ်တနိုးကျလာခဲ့သည်။
အေးခနဲသော အထိအတွေ့လေးကြောင့် ထယ်ယောင်း၏
အိပ်ချင်မူးတူးစိတ်တွေ မရှိတော့ ။အိပ်ချင်မူးတူးစိတ်တွေ မရှိတော့ စိတ်ကထပ်ဆိုး
လာပြန်သည် ။ ဂျုံးဂုကို ခပ်တည်တည်ကြည့်ရင်း
ရေချိုးခန်းထဲသို့သာ ဝင်သွားမိသည် ။
ရယ်မပြရင်တောင် ပြုံးတုံ့တုံ့လေးကြည့်တတ်တဲ့
အစ်ကိုက အခုတော့ဖြင့် ဘာကြောင့်ရယ်မသိ .....
စိမ်းစိမ်းကားကားဖြစ်နေသည်မို့ ဂျုံးဂုမှာ
လမ်းကိုခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း
ခေါင်းပေါက်မတတ်စဥ်းစားနေမိသည်။ဘာအမှားလုပ်မိလို့ ဒီလောက်တောင်
လျစ်လျူရူ့ခံနေရတာလဲ ?
သေချာစဥ်းစားကြည့်တော့လည်း မနေ့က
သောင်ပြင်မှာ အစ်ကိုနဲ့အတူတူ စကားတွေ
ထိုင်ပြောပြီး ပြန်လာတဲ့ဟာကို ......စဥ်းစားမရတဲ့အဆုံး ဒီအတိုင်းနေ၍မဖြစ်တော့။
အစ်ကို့အတွက် မနက်စာကို ဖွယ်ဖွယ်ရာရာလေး
ဖြစ်အောင် သွားဝယ်ပေးဦးမှ ။
အစားနဲ့ဆိုတော့ ဘုမသိဘမသိချော့ရလည်း
မျက်နှာပန်းလှတာပေါ့ ။short pant အနက်ရောင်တစ်ထည်နဲ့ တီရှပ်အဖြူ
ပါးပါးကို ဂျုံးဂုခပ်မြန်မြန်ဝတ်ဆင်ပြီး ထွက်ခဲ့တော့၏။တံခါးပိတ်သံကိုကြားလိုက်ရသောအခါ ဂျုံးဂု
အပြင်သို့ထွက်သွားမှန်း ထယ်ယောင်းသိလိုက်သည်။
ထို့ကြောင့် rockဂီတအပြင်းစားများကို ဖွင့်ရင်း
ရေချိုးခန်းထဲ၌ ထင်တိုင်းကြဲနေမိသည်။
ခုန်ပေါက်အော်ဟစ်ကာ စိတ်တွေကို လွှတ်ချင်တိုင်း
လွှတ်ထားတဲ့ကြားမှပင် သွေးဆောင့်တိုးစေမတတ် မနေ့ညကအဖြစ်အပျက်ကြီးကို မြင်ယောင်လာ
ပြန်၏။ဂျုံးဂုနဲ့ဖြစ်ချင်တိုင်းဖြစ်ပြီးတော့ သူ့မှာ
အသက်တောင် ဘယ်နားကုန်းကောက်ရမှန်းမသိ ။
သောင်ပြင်ပေါ်ပက်လက်ကလေးလှန်ကာ
ဒီပုံစံအတိုင်းကြီးနဲ့ မေ့မြောမသွားဖို့အရေး
ရှိသမျှဘုရားအပေါင်းအား မျက်ရည်စက်လက်နဲ့
တိုးလျှိုးဆုတောင်းရသေးသည် ။
ကြုံတဲ့ဘုရား တပည့်တော်အား ဝင်ကယ်ပါ ။