OUR UTOPIA - 24

7.2K 878 126
                                    

(Unicode)

ရီဝေနောက်ကျိနေသော ဦးခေါင်းတစ်ခုလုံးကို
မတ်ထူမိသည့်အခါ ချောက်နက်နက်ထဲပြုတ်
ကျသွားရသလိုမျိုး အသည်းတစ်ခုလုံးအေးခနဲ ။
ထယ်ယောင်းသည် စိတ်ကိုငြိမ်အောင်ထား၍
မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်မိသည်။

သူ့အားအသင့်စောင့်ကြိုနေသည်က တုပ်တုပ်မျှ
မလှုပ်တော့သော ဂျုံးဂု၏သွေးသံရဲရဲပုံပန်းသဏ္ဍာန်။
စိတ်နဲ့ခန္ဓာတစ်ခုလုံးဆောက်တည်ရာမဲ့သည့်အဖြစ်
သည် ဤမျှလောက်ဆိုးဝါးရပါသလား ။
ထယ်ယောင်း၏ အသက်ရှုသံပြင်းပြင်းသည်
ကားထဲ၌ ကဆုန်ပေါက်၍ ။ မျက်ရည်တွေ
တလှိမ့်ချင်းကျရင်းသာ ဂျုံးဂုကို ကြောင်စီသော
မျက်ဝန်းတွေနဲ့ သူ အပြူးသားစိုက်ကြည့်နေမိဆဲ ။

ကယောင်ခြောက်ခြားဖြစ်နေသည့်ကြားမှပင်
ဖုန်းကို ဟိုဒီစမ်းလျက် ။ မှန်ကွဲစတွေအား
ကိုင်မိသော်လည်း ထယ်ယောင်းက ခံစားမိသည့်ပုံ
မပေါ် ။ သွေးစွန်းနေသော ဖုန်းမျက်နှာပြင်ကို
ဘောင်းဘီနဲ့ တုန်ရီစွာပွတ်ပစ်လိုက်သည်။

" သား ပြောလေ  "

" ....."

" သားလေး ဘာဖြစ်လို့လဲ ?  "

မိခင်၏အသံနွေးနွေးကိုကြားလိုက်ရသည့်အခါ
ဝမ်းနည်းစိုးရိမ်စိတ်တွေကို ထယ်ယောင်း
ဆက်မထိန်းထားနိုင်တော့ပေ ။

" အမေ ဂျုံးဂုကိုကယ်ပါဦး "

တုန်ရီနေသည့် ငိုသံပါအသံလေးနဲ့
အားကိုးတကြီးခေါ်မိတော့သည်။

************

" ဒါလေးတော့ နည်းနည်းစားလိုက်ပါဦးသားရယ် "

" ဟင့် အင်း "

ထယ်ယောင်းက လေသံမျှင်းမျှင်းလေးနဲ့
အားမပါစွာ ငြင်းပါ၏။ ဂျုံးဂုအခြေအနေကို
တွေးမိလေ ၊ ထယ်ယောင်းမျက်ရည်တွေ
ပိုကျလာလေ ၊ ရင်ကစုတ်ဖြဲထားသလိုပင်
နာကျင်လွန်းလှသည်။ ဂျုံးဂုသာမရှိလျှင်ဟု
တွေးမိတိုင်း ကိုယ့်ခေါင်းကိုယ်နံရံနဲ့ပြေးဆောင့်
ပစ်ချင်မိသည်အထိ ရူးနှမ်းစိတ်တွေဝင်ရပါသည်။

ဂျုံးဂုအမေကတော့ မျက်ရည်တွေနဲ့ငေးငိုင်လျက်။
မနှစ်သိမ့်နိုင်မယ့်အတူတူ ၊ ထယ်ယောင်းသည်
မိမိမျက်ရည်များကို လက်ဝါးဖြင့်အုပ်၍
ကွယ်ဝှက်ရင်းသာ သွန်ချနေမိသည်။

OUR UTOPIA [Completed]Where stories live. Discover now