(Unicode)
အဖျားပဲဝင်ချင်နေတာလား မသိ ။ အုန်းစိမ်းရေ
သောက်နေတာတောင် ထယ်ယောင်း ပါးစပ်ထဲ
ခါးသက်နေခဲ့သည် ။ ချမ်းစိမ့်စိမ့်ဖြစ်နေသည့်
အပြင် ကောင်းကင်ကလည်းမိုးတွေမှောင်နေပြန်သည်။" ကောင်းလိုက်တဲ့ ရာသီဥတုလေး "
ဂျုံးဂုက အုန်းရေသောက်နေရာမှ ရပ်လိုက်ပြီး
ကောင်းကင်ကြီးကို တမေ့တမောငေးနေခဲ့သည်။" ဒီလောက်မှောင်မဲနေတာကို။ မုန်တိုင်းလားမသိဘူး "
" မုန်တိုင်းတော့ မဟုတ်ပါဘူး ။ ဒီအတိုင်း မိုးနည်းနည်း
ပါးပါးရွာမယ်တဲ့ "" ဟုတ်လား အခုတောင် တော်တော်အေးစိမ့်လာပြီနော် "
ထယ်ယောင်းက တဝုန်းဝုန်းရိုက်ခတ်နေသော
အုန်းခတ်များကို လှမ်းငေးနေရင်းမှပြောသည် ။" ဟုတ်တယ် အရမ်းအေးလာပြီ ..ညကျရင်
အစ်ကို့ကို ဖက်အိပ်မယ်နော်။ ကျွန်တော်က
အရမ်းချမ်းတတ်လို့ "" မရပါဘူး အသက်ရှုကြပ်ရတဲ့ကြားထဲ။
စောင်တွေက ဘာလုပ်ဖို့ထားထားတာလဲ ?"ထယ်ယောင်းက နှုတ်ခမ်းလေးကိုမဲ့ရင်း
ငြင်းဆိုသည့်အခါ ဂျုံးဂုဘာမှပြန်မပြောတော့ဘဲ
အစ်ကို့ကိုပြုံးပြုံးလေးသာ ငေးနေမိသည်။အစ်ကိုနဲ့ ပူးပူးကပ်ကပ်အိပ်ရသည်က အတော့်ကို
ရှားသည် ။ ဆောင်းတွင်းရောက်ရင်တော့ မပြောတတ်။
အစ်ကိုက အအိပ်ကြမ်းသည့်အထဲ မပါပေမယ့်
သွားထိလျှင်တော့ အိပ်နေရင်းနဲ့တောင် တံတောင်နဲ့
တွန်းပြီး ခြေထောက်တွေနဲ့ ကန်တတ်သည်။တစ်ခါတစ်လေ အစ်ကို့မျက်နှာက သူ့ခြေထောက်
နားမှာ ။ အလုပ်ပင်ပန်းတဲ့နေ့တွေဆိုရင် ဇောက်ထိုး
မိုးမျှော်လည်း အိပ်တတ်သေးသည် ။တအိပ်ရာလုံးလည်း ခေါင်းအုံးတွေနဲ့ ဖက်လုံးတွေနဲ့မို့
ဂျုံးဂုမှာ အိပ်လျှင် အတောင့်လိုက်ကလေး အိပ်ရသည်ကများပါသည် ။ သူ့ကိုသာ သွားထိရင်
ကန်ကန်လွှတ်တာ သူများကိုကျတော့ တစ်ခါ
တစ်လေ ခွထားတာမှ ကျစ်လို့လစ်လို့ ။ ထိုအခါမျိုး
တွေဆို နာပေမယ့်လည်း ဂျုံးဂုကတော့ ပြုံးပြုံးကြီးနဲ့
အံကြိတ်ခံလေသည် ။