(Unicode)
" လွမ်းလွန်းလို့ သေတော့မှာ "
ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် ရုံးခန်းထဲသို့
ရောက်ချလာသူကား လင်တော်မောင် ဂျွန်ဂျုံးဂု ။
အခန်းတံခါးကို ဝုန်းခနဲဆွဲပိတ်ပစ်တော့ ဝန်ထမ်း
လေးတွေက ရင်ဘတ်ဖိပြီး လှမ်းကြည့်လာကြသည် ။ဒါတွေကို ဂျုံးဂု ဂရုမစိုက်အား။
ထယ်ယောင်းဆီသို့သာ ခပ်မြန်မြန်လျှောက်သွားပြီး
ခုံပေါ်ခြေတင်၍ ဂိမ်းအဆော့မပြတ်တဲ့
မောင်မင်းကြီးသားကို ဆွေ့ခနဲကောက်မရင်း
ဖက်လိုက်နမ်းလိုက်နဲ့ အလွမ်းဖြေနေမိသည်။"ဘာလဲကွာ ရှုံးတော့မှာပဲ ဟေ့ကောင် "
လူကရုန်းနေပေမယ့် လက်ကတော့ ဖုန်းကို
အသည်းအသန်ဆုပ်ကိုင်ထားဆဲဖြစ်သော
ကိုပုလင်းဖင်ကြောင့် ဂျုံးဂု စိတ်ထဲထောင်းခနဲ
ဖြစ်ကာ ချက်ချင်းလှည့်ထွက်မိလိုက်၏။" ဆော့နေလိုက် အဲ့ဂိမ်းကိုပဲ တစ်သက်လုံး "
ဂျုံးဂုတကယ်စိတ်ဆိုးသွားပြီဆိုတာကို သိတော့မှ
ဖုန်းကို ခုံပေါ်သို့ဝုန်းခနဲပစ်တင်ကာ ဂျုံးဂုလက်အား
ကပြာကယာလှမ်းဆွဲထားလေသည် ။ လေသံပျော့
လေးနဲ့သာ ချော့နေပါက ကင်မ်ထယ်ယောင်းတို့က
အီးတောင်လှည့်မပေါက် ။ ငါ့ခြံထဲကကြက်
ဘယ်အချိန်ရိုက်သတ်သတ်ဆိုသော အထာမျိုးနဲ့ကို
ပလစ်ထားတာ ။ အဲ့လိုဂျစ်တစ်တစ်ရုပ်လေးနဲ့
လုပ်ချင်တာလုပ်နေတာတောင် ဂျုံးဂုစိတ်ဆိုးလို့
လုံးဝမရ ။ ပစ်ထားပြီးတော့လည်းမနေနိုင် ။ဂျုံးဂုကလည်းကွာ ဆိုပြီး ပုခုံးလေးရမ်းပြလိုက်ရင်ကို
ဓားနဲ့ထိုးသွားတာတောင် ကျေနပ်နေဦးမယ့် ပုံမျိုး ။
အစ်ကို့ကလေးလေးလို့ ခေါ်လိုက်ရင်များ
ကိုယ်စောင့်နတ်ကြီး အာကာသထဲ အပျော်ခရီး
ထွက်သွားသလိုလို ။ စိတ်နဲ့ကိုယ်နဲ့ လမိုင်းကို
မကပ်တော့ ။ကြာတော့ အဖြစ်သည်းနေတဲ့ ကိုယ့်ဟာကိုယ်ပဲ
အသည်းတွေ ပေါက်လာရသည် ။ ကိုကျောက်ခဲ
တအီအီလုပ်တာဆို၍ အိပ်ရာပေါ်မှာသာရှိမည်။
ဒါတောင် သူနာရင် တစ်ခါတစ်ခါ ထထ ဆဲလိုက်သေး။အခုတော့လည်း ဂျုံးဂုထွက်မသွားအောင် ခါးကို
ဖက်ထားလိုက်တာမှ ကျစ်လို့ ။