(Unicode)
အိမ်တံခါးခေါက်သံကြောင့် နို့သောက်နေရာမှ
ထယ်ယောင်း ခေါင်းထောင်သွားမိသည်။ညကြီးမိုးချုပ်ကို ဘယ်သူပါလိမ့်။
ခွက်ကလေးကို ခုံပေါ်တင်ရင်း အိမ်ရှေ့သို့
သူ ထွက်လာခဲ့သည်။ တံခါးဖွင့်မပေးသေးဘဲ
ချောင်းကြည့်ပေါက်မှတစ်ဆင့် မြင်လိုက်ရသည်က
လူစိမ်းတစ်ယောက် ။ ဦးထုပ်ကိုဆတ်ခနဲဆွဲချရင်း
ဟိုကြည့်လိုက် ၊ ဒီကြည့်လိုက်နဲ့ ဂဏှာမငြိမ်။တိုက်ခန်းမှာနေရတဲ့အန္တရာယ်ကလည်းမသေး။
မကြာခဏကြားဖူးနေကျဖြစ်သော သတင်း
များကြောင့် သိသူမှသာ တံခါးဖွင့်ပေးဖို့
ထယ်ယောင်းဆုံးဖြတ်လိုက်ပြီး လှည့်ပြန်ခဲ့သည်။အခုခေတ်က ကိုယ်ကောင်းရင် ခေါင်း
ဘယ်မှမရွေ့ခေတ် မဟုတ်တော့ ။
ကိုယ်ကောင်းသော်လည်း မကောင်းတာတွေကို
ရှောင်ရမည့်ခေတ်ပျက်ကြီး။မလွယ်ဘူး။
ထယ်ယောင်းက ပုခုံးလေးတစ်ချက်တွန့်ရင်း
နို့နဲ့ပေါင်မုန့်ကိုသာ ညစာအဖြစ်စားနေလိုက်သည်။
သူ ဒီနေ့နည်းနည်းနေမကောင်းပေ။
မနေ့ညက ဂျုံးဂုတို့အိမ်မှာ ညဉ့်နက်သန်းခေါင်အထိ
မအိပ်ခဲ့ရသောကြောင့် ဖြစ်လိမ့်မည်။ဂျုံးဂုကတော့ သူနဲ့မအိပ်ရဲလျှင် အခန်းအပြင်သို့
ထွက်အိပ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့ပေမယ့်
Taxi ငှါးပြီးသာ အိမ်သို့ပြန်လာခဲ့မိသည် ။
ခေါင်းမာမှု့အကျိုးနဲ့ ညလေစိမ်းအေးအေးတွေက
ဒုက္ခပေးခဲ့ပုံပင်။ပြန်ရောက်ရောက်ချင်းလည်း မအိပ်ရဲသေး။
မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေနဲ့သာ
မိုးလင်းပေါက်ခဲ့ရသည် ။ အားဖြည့်အချိုရည်
တစ်ပုလင်းသောက်ကာ ရုံးသွားရသည်။
စိတ်တင်းခံထား၍ မနက်တုန်းကမသိသာလှ
သော်လည်း အိမ်သို့ပြန်ရောက်ချိန်မှာတော့
လူကပစ်လှဲချင်နေပြီဖြစ်သည်။ဆေးသောက်ပြီး အိပ်ရာဝင်ရန်ပြင်တော့ ၊
ဂျုံးဂုဆီကများ စာလေးဘာလေးရောက်နေမလား
ဆိုတဲ့စိတ်ကြောင့် ဖုန်းဖွင့်လိုက်သည်။
ထင်တဲ့အတိုင်းပင် missed call က ငါးခု၊