(Unicode)
ထယ်ယောင်း၏အမေမှာ သူ့သားကြုံခဲ့ရသော
အန္တရာယ်ကိုကြားတော့ မျက်ရည်တစမ်းစမ်းနဲ့။
ဆေးရုံဆင်းဆင်းချင်းမှာပဲ အဘိုးအဘွားတွေ
ရှိရာနယ်မြို့လေးသို့ အတင်းပို့တော့သည်။
အခုလောလောဆယ်တော့ ထိုတိုက်ခန်းတွင်
နေထိုင်ရန် ဘယ်လိုမှစိတ်မသန့်တော့ ။တကယ်ဆို ထိုစျေးပေါပေါနဲ့ရသော တိုက်ခန်း
မှာနေဖို့ မိဘနှစ်ပါးလုံးအစတည်းက သဘော
မတူခဲ့ကြချေ ။ မိမိတို့၏အခြေအနေမှာ
ရပ်ကွက်သန့်သန့်တစ်ခုတွင် အိမ်လုံးချင်း
ဆောက်နေဖို့လောက်ကတော့ တတ်နိုင်ပြီးသား။
ဒါကို ထယ်ယောင်းက အပိုကုန်တယ် ဘာညာ
ဟုဆိုကာ ကန့်ကွက်ခဲ့သောကြောင့်သာ
အလျော့ပေးခဲ့ရခြင်းဖြစ်သည် ။တက္ကသိုလ်စတက်ကတည်းက ထိုတိုက်ခန်းတွင်
ထယ်ယောင်းနေခဲ့သည်။
မိဘနှစ်ပါးကတော့ နယ်ပြန်ကြသည်သာများ၏။ထယ်ယောင်းက ရုံးမှာတစ်နေကုန်
ရှိနေတတ်ပြီး ညနေဘက်လောက်မှသာ
ပြန်ရောက်လာတတ်သည်။ ဘာမှမယ်မယ်ရရ
လုပ်စရာမရှိသောကြောင့် တစ်ခုခုလုပ်နေရမှ
ကျေနပ်သော လူကြီးတို့၏ထုံးစံအတိုင်း နယ်နှင့်
သာအံကိုက်လေ၏။ ထယ်ယောင်း၏အဘိုးရော၊
အဘွားရောက တောင်ယာလုပ်ငန်းဖြင့် ယနေ့အထိ
အသက်မွေးနေကြတုန်း ။ ထို့ကြောင့် လုပ်စရာ
များသော နေရာတွင်သာ ပျော်ကြခြင်းဖြစ်သည်။ထယ်ယောင်းကို နယ်ပို့ထားစဉ်မှာ ၊
မိဘနှစ်ပါးကတော့ ဒီမှာ အိမ်လုံးချင်းရှာဖို့
စီစဉ်ရဦးမည်။ သူတို့သားကိုတော့
ထိုအကြောင်းပြောမထားမိကြပေ ။
ခေါင်းမာပြီး ထပ်ငြင်းနေစရာမလိုအောင်
အပြတ်လုပ်ဖို့ ခေါင်းချင်းဆိုင်ထားကြ၏။ထယ်ယောင်းကတော့ အဘိုးအဘွားအိမ်သွားဖို့ကို
မျက်နှာကြီးက ငိုတော့မလိုဖြင့်။ မိန်းမခဏခဏ
ပေးစားတတ်သော ထိုလင်မယားကြောင့်
ထယ်ယောင်းမှာ လွမ်းပါသော်လည်း သိပ်
မသွားရဲ ။ တစ်နေ့တစ်နေ့ တောဂိုက်နဲ့အန်တီကြီး
တွေကို အိမ်မှာဧည့်ခံရသည်က ငရဲအိုးထဲကျခြင်း
ထက်ပင် အကြောင်းဆိုးလေ၏။သူတို့မြေးအား မတော်မရာလူနဲ့တစ်ခုခု
ဖြစ်သွားမှာ အလွန်စိုးရိမ်ပုံရရှာသည်။
အခုတော့ အလွန်တရာသင့်တော်သော
ကောင်လေးက ဘေးနားရောက်လာခဲ့ပြီ ။
အချိန်တစ်ခုယူပြီးရင်တော့ ထိုအကြောင်းကို
သတ္တိမွေးပြီးပြောရန် ထယ်ယောင်း စဉ်းစား
ထားပြီးဖြစ်သည် ။ ခွင့်မပြုရင်လည်း
ဂျုံးဂုနောက်ကိုသာ ကောက်ကောက်ပါအောင်
လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ ။ ဒီမြေးလေး
တစ်ယောက်တည်းရှိတာ အဆက်ဖြတ်နိုင်ရင်
ဖြတ်ပေါ့ဟူသော ယုံကြည်ချက်တစ်ခွဲသားဖြင့်။