OUR UTOPIA - 19

9.4K 990 143
                                    

(Unicode)

" ဘာ ! ဘယ်သူက သဘောမတူဘူးပြောလို့
ခိုးပြေးရတာလဲ ? "

ထယ်ယောင်း၏ဖခင်ဖြစ်သူမှာ
ကားတံခါးကိုဝုန်းခနဲပိတ်လိုက်လေသည်။
ဒေါသချောင်းချောင်းထွက်နေသည့်
မျက်နှာကြီးကြောင့် အဘိုးတို့လင်မယားမှာ
နဂိုကိုင်းရသည့်ခါးကလေးကို ညွှတ်မကျရုံ
တမယ်ကွေး၍ တိတ်ဆိတ်နေကြတော့၏။

သူတို့သားမက်လူရိုးလူအေးကြီးကိုတော့
လေးစားသလိုချစ်လည်းချစ်ခင်ကြသည်။
တော်ရုံဒေါသထွက်ခဲပြီး ခပ်ပြုံးပြုံး
နေလေ့ရှိသူဖြစ်သည်။ ထယ်ယောင်းကို
လွန်စွာချစ်ခင်သောဖခင်ပီပီ အပူမီး
တောက်လောင်နေကြောင်းကို အဘိုးနဲ့အဘွား
ကောင်းကောင်းသိလေ၏။ မိမိတို့ရှိနေစဉ်
ကြားထဲမှပင် ဖြစ်ပျက်သွားသော
အခြေအနေတွေကြောင့် အပြစ်မကင်းသလို
ခံစားနေရသည်။

" အဖေနဲ့အမေ ရှိနေတယ်မဟုတ်လား ။
ကလေးတွေက ဒီလိုဖြစ်နေတယ်ဆိုရင်လည်း
အရင်ဆုံးချော့မော့ထားမှပေါ့ ။ အခု
ဘယ်လောက်တောင်ခြောက်လိုက်လို့
ကျွန်တော်တို့ကိုတောင် မတွေ့နိုင်ဘဲ
ခိုးပြေးသွားကြတာလဲ ? "

" အမေတို့လည်း ဘာမှမပြောမိပါဘူးဟယ် ။
နော် ဖေကြီး ..."

" အေးလေ သဘောတူမတူ မင်းတို့မိဘတွေ
မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးကြလို့ ဒါလေးပဲ
ပြောလိုက်တာကို ။ မင်းသားကလည်း
ကြောက်တာမှ ဒူးကိုတုန်နေတာပဲ ။ ဟိုကောင်လေး
လည်းစိတ်မချဖြစ်ပြီး ခိုးပြေးသွားတာနေမှာပေါ့။"

အဘိုးနဲ့အဘွားမှာ ဖြစ်ကြောင်းကုန်စင်ကို
ဇာတ်စုံခင်းလေတော့သည်။
ရေနွေးတစ်အိုးအတူထိုင်သောက်ရင်း
ဆွေးနွေးနေလိုက်ကြသည်မှာ မိုးပင်
ချုပ်တော့မည်။

" မဟုတ်တာလုပ်ထားရင်တော့ ဒူးတုန်၊
ခြေတုန်နဲ့ ။ တခြားအချိန်တွေသွားကြည့်ပါလား။
မျက်နှာကြောက သံမဏိကိုဘိလပ်မြေကိုင်ထားတဲ့
ရုပ်နဲ့ ။ ချေလို့ မိုးလို့ "

ထယ်ယောင်းအမေမှာ ရေနွေးကို မြိုချလိုက်ရင်း
သူ့သားအကြောင်းကို ချီးကျူးစာတင်နေတော့၏။

" ရှင် ဘယ်လိုဖြစ်နေတာလဲ ?
ထိုင်မရ ၊ ထမရနဲ့ "

" မင်းမသိပါဘူး မိန်းမရာ "

OUR UTOPIA [Completed]Where stories live. Discover now