(Unicode)
ကြွေပြားပေါ်ရှိ ဆံပင်အထွေးလိုက်ကလေးကို
ဂျုံးဂု ကောက်ယူလိုက်သည် ။ ထို့နောက် ရေချိုးခန်း
အပြင်သို့ထွက်ကာ အမှိုက်ခြင်းထဲပစ်ထည့်ပြီးနောက် ....." အစ်ကို "
" ပြောပါခင်ဗျ "
" ရေချိုးပြီးပြီလား "
" ပြီးလို့တောင် အပြင်ထွက်ပြီး လမ်းသလားဖို့
ချောင်းနေပြီ... လိုက်ဦးမလား "" ဘယ်ကိုသလားဦးမှာလဲ "
" သူငယ်ချင်းမွေးနေ့လေ "
" အစ်ကို ယွန်းဂီလား ဒါမှမဟုတ် အစ်ကိုဂျီမင် "
" နှစ်ယောက်လုံးမဟုတ်ဘူး ငယ်သူငယ်ချင်း
တစ်ယောက်မွေးနေ့ ""ဘယ်သူလဲ ? နာမည်ကဘာလဲ? ချောလား?
ကျွန်တော့်လောက် "ရေချိုးခန်းထဲမှ ခေါင်းပြူရင်း မေးနေတဲ့
အဘိုးအိုပေါက်စကြောင့် ထယ်ယောင်းက
ဖြစ်ရလေဆိုတဲ့ အပြုံးလေးနဲ့ လှမ်းပြုံးရင်း
ကြည့်တယ် ။" ချောတယ် သူ့သမီးလေးဆို ချစ်စရာလေး "
" ဟာ မိန်းမနဲ့လား "
" မဟုတ်ဘူး တစ်လင်ကွာလေ "
"အစ်ကို"
" အား စကားများလိုက်တာ ဂျုံးဂုရာ
လိုက်ချင်ရင် မြန်မြန်သာချိုးစမ်းပါ
နောက်ကျလို့မဖြစ်ဘူး "အိတ်ထဲကို ပစ္စည်းတွေကောက်ထည့်ရင်း ခုန်ဆွ
ခုန်ဆွဖြစ်နေတဲ့ အစ်ကို့ပုံက ဖျစ်ညှစ်ပစ်ချင်စရာလေး ။
မွေးနေ့ပွဲမို့ထင်သည် ။ အပြာနုနုရှပ်အား
ဘောင်းဘီရှည်ပွပွထဲ ထိုးထည့်ထားကာ ခါးပတ်
အနက်ကလေးနဲ့ ချည်ငင်ထားသော ခါးကလေးမှာ
သွယ်လျ၍ ။ ခဲရောင်ကွင်းထိုးဖိနပ်လေးကို ပတ်သိုင်း
ထားသည့် ခြေမဖြူဖြူလေးက လမ်းလျှောက်လိုက်
တိုင်းမှာ အပေါ်သို့တထောင်ထောင်ဖြင့် ။
ဒီကြားထဲ ဦးထုပ်လေးကို နောက်ပြန်ဆောင်းပြီးတောင်
မှန်ရှေ့မှာ ရှိုးထုတ်နေလိုက်သေး ။ဆက်ကြည့်နေရင် သူတကယ် ပြေးကိုက်မိတော့မည်။
ရေချိုးနေရင်းမှပင် ကြားနေရသည်က အိမ်ထဲမှာ အသံကုန်ဟစ်ကာသီချင်းဆိုနေသည့် ကိုအာပေတူး၏
ရွှေနားတော်နားပင်းမည့် အသံ။
ဘယ့်နှယ့် ရေချိုးတဲ့သူက မဆိုရဘူး ။
သူချည်း အော်ဟစ်သောင်းကျန်းနေတာ ။