(Unicode)
ထယ်ယောင်း၏အဘိုးနဲ့အဘွားမှာ မိမိတို့မြေးကို
ဆေးသေချာလိမ်းပေး ၊ ပတ်စီးစည်းပေး ၊
ထမင်းခွံ့ကျွေး၊ ယုတ်ယွအဆုံး ခြင်ထောင်
ထောင်ပြီးပါသိပ်ပေးသွားသော ဂျုံးဂုကို
ကယ်တင်ရှင်ကြီးအလား ကြည့်ကာ
ရင်တမမနဲ့ အံ့သြကျေးဇူးတင်နေရှာသည်။တစ်ယောက်နဲ့တစ်ယောက်အကြည့်တွေကအစ
တစ်မျိုးတစ်ဖုံထူးခြားနေသော ထိုလူငယ်
နှစ်ယောက်ကို အဘိုးနဲ့အဘွားသတိထားမိ
သော်လည်း မယ်မယ်ရရအကြောင်းပြချက်ကိုမူ
ရှာမတွေ့သေးပေ ။ သူတို့စိတ်ထဲမှာတော့
ဂျုံးဂုလိုမိန်းကလေးမျိုးနဲ့ သူတို့ရဲ့ချစ်လှစွာသော
မြေးကလေး အိမ်ထောင်ကျသွားရင် ဘယ်လောက်
ကောင်းမလဲဟု တစ်ပြိုင်နက်တည်းတွေးနေမိကြ၏။" မင်းသာ မရှိရင်တွေးတောင်မတွေးရဲ
တော့ပါဘူးကွာ "" ကျေးဇူးတင်မဆုံးပါဘူး ငါ့မြေးရယ် "
အစရှိသဖြင့် ပြောတော့ ဂျုံးဂုပြုံးနေမိသည်။
မိမိလက်ကိုဆုပ်ကိုင်ရင်း အိပ်ခန်းထဲဝင်သွား
ကြသော အဘိုးနဲ့အဘွားကို ခါးညွှတ်၍
နှုတ်ဆက်လိုက်ပြီး သူလည်းအိပ်ရန်ပြင်လိုက်သည်။ခြင်ထောင်ထဲကအကောင်ပေါက်လေးကတော့
ပတ်တီးစီးထားသော ခြေထောက်လေးကို
ထိမှာစိုး၍ထင် ။ ပက်လက်ကလေးသာ
အိပ်ပျော်နေရှာသည်။ မျက်နှာလေးကလည်း
နည်းနည်းချောင်သွားသည်ဟုထင်သည်။
အသားအရည်ကအစ ဖြူဖတ်ဖြူလျော်လေးနဲ့။မအိပ်ခင်မှာ အိညက်အိညက်အသံလေးနဲ့
ဘာတွေပြောလို့ပြောမှန်းမသိ ။ ဂျုံးဂုမှာ
ပြောသမျှခေါင်းငြိမ့်ပြီး အိပ်ဖို့ကို မနည်း
နားချခဲ့ရသည်။ အဘိုးနဲ့အဘွားရှေ့မှာ
အနေအထိုင်ဆင်ခြင်လို့ သူပဲပြောခဲ့ပြီး၊
ခုနကမူ အတူဖက်အိပ်မယ်ဟူ၍
ပြောပြန်သည် ။ အဘိုးနဲ့အဘွားက
လှမ်းကြည့်နေတာမို့ ဂျုံးဂုမှာ
ခေါင်းမခါချင်ဘဲ မနည်းကိုခေါင်းခါခဲ့ရသည်။************
သန်းခေါင်ယံအချိန်တွင်ကြားလိုက်ရသော
ညဉ်းညူသံလေးကြောင့် ဂျုံးဂုနိုးလာခဲ့သည်။
ခြေသံကိုဖွဖွနင်း၍ ထယ်ယောင်းအခန်းဆီ
သူလျှောက်လာသည်။