OUR UTOPIA - 30

6.9K 794 123
                                    

(Unicode)

ကားပေါ်တွင် ချွေးပြန်လျက်ရှိသော ဂျုံးဂုကြောင့်
ထယ်ယောင်း ပိုပိုပြီးစိတ်တိုလာရသည် ။
ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေကာ... ဘာဖြစ်နေတာလဲ
မေးတော့လည်း သွားဖြီးပြရင်းခေါင်းခါလေသည် ။
ကားပေါ်တွင်ထိုင်နေရသည်မှာလည်း ၂နာရီနီးပါး
ကြာနေပြီ ။ လျှောက်လည်မယ်သာပြောနေတာ
သူ့သူငယ်ချင်းတွေကလည်း ဘယ်ဆီပျောက်လို့
ပျောက်မှန်းမသိ ။ မေးတော့လည်း စကားလမ်းကြောင်း
လွှဲသည် ။ ဒီကောင်လေး ဘာဖြစ်နေမှန်းကို
သူ နားမလည်တော့ ။

" မပြီးသေးဘူးလား မြန်မြန်စီစဥ်ကွာ အစ်ကိုက
ဒီမှာ စိတ်တိုနေပြီ ကားပတ်မောင်းနေရတာလည်း
တော်တော်ကြာနေပြီ အခုတန်းလာခဲ့လို့ အိုကေလား
အေး ရပြီ ငါသဘောပေါက်ပြီ "

ဖုန်းကို လက်ဝါးဖြင့်ကာ၍ တိုးတိုးတိုးတိုးနဲ့ ရေရွတ်
နေသည့် ဂျုံးဂု ။ ထယ်ယောင်းက necktieကို
ဆွဲဖြည်ရင်း ကြယ်သီးများကိုပါ သုံးလေးလုံး
ဆွဲဖြုတ်ပစ်သည် ။

" ဂျုံးဂု "

" အင်း အစ်ကို "

" ငါ ဒါကိုဝတ်မှဖြစ်မှာလား "

အဖြူရောင်suitကို မကျေမနပ်နဲ့ လက်ညိုး
ထိုးပြရင်းမေးတော့ ဒါပေါ့ဆိုသည့်သဘောကြီးနှင့်
ခေါင်းကိုဆတ်ခနဲငြိမ့်ပြ၏။

" နတ်သားလေးကျနေတာပဲ "

" အပိုတွေ "

" တကယ်ပြောနေတာ။ အခုလို ကြယ်သီးလေး
ဖြုတ်ထားပြန်တော့လည်း ညို့အားပြင်းတဲ့
နတ်သားလေးကျနေရော "

" တော်တော့ နားကလောတယ် "

" အဲ့လို ဘုတောတဲ့အပြောလေးတွေ
ကြားရတော့လည်း ဖြူစင်ပွင့်လင်းတဲ့
နတ်သားလေးကျနေရော "

" အီစီကလီကောင် "

" ကြိုက်တယ်မလား ဒီအီစီကလီကောင်လေးကို "

ဂျုံးဂုက ထယ်ယောင်း၏ပြေလျော့နေသော
necktieစကို ဆောင့်ဆွဲကာ တည့်တည့်ကြည့်ပြီး
ပြောသည်။ ဆတ်ခနဲဝိုင်းသွားတဲ့အစ်ကို့ရဲ့
မျက်လုံးလေးတွေဟာ ဂျုံးဂုအတွက် ကြည့်မဝနိုင်စရာ။

OUR UTOPIA [Completed]Where stories live. Discover now